နန်းသီတာဆိပ်ကမ်း ဗောတံတားအမှတ်(၂)တွင် အိန္ဒိယနိုင်ငံသားတစ်ဦး ​မြစ်ထဲပြုတ်ကျ ​ပျောက်ဆုံး​နေ

ရန်ကုန်၊ ​မေ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ နန်းသီတာဆိပ်ကမ်း၊ ဗောတံတားအမှတ်(၂)တွင် မေ ၃ ရက်၊ ည ၈ နာရီ ၁၀ မိနစ်က အိန္ဒိယနိုင်ငံသားတစ်ဦး မြစ်ရေထဲပြုတ်ကျကာ ပျောက်ဆုံး​နေကြောင်း အိန္ဒိယသံရုံး၏ ​​မေ ၄ ရက်၊ ​နေ့စွဲဖြင့်ထုတ်ပြန်ချက်အရ သိရသည်။

အိန္ဒိယနိုင်ငံသားသုံးဦးသည် ​မေ ၃ ရက်၊ ညနေ ၆ နာရီခွဲက City Star Hotel မှတစ်ဆင့် နန်းသီတာဆိပ်ကမ်းရှိ ရွှေဘဲစားသောက်ဆိုင်၌ ညစာစားသောက်ပြီး ​ခြေလျင်လမ်း​လျှောက်ပြန်လာစဉ် ​အိန္ဒိယနိုင်ငံသား Abdul Kabeer (၃၉)နှစ်၊ Pass XB 701310 သည် ဗောတံတားအမှတ်(၁)နှင့် အမှတ်(၂)ကြားတွင် မြစ်​ရေထဲသို့ ပြုတ်ကျ​ပျောက်ဆုံး​နေ​ကြောင်း သိရ သည်။

“ နန်းသီတာဆိပ်ကမ်းမှာရှိတဲ့ ​ရွှေဘဲစား​သောက်ဆိုင်ကို ခြေလျင်လမ်း​လျှောက်သွားခဲ့ကြတယ်။ ​အဲဒီရွှေဘဲက​နေ စား​သောက်ပြီး​နောက်မှာ ​အိန္ဒိယနိုင်ငံသားသုံးဦး ​လမ်း​လျှောက်ပြန်ချိန် ဗောတံတားအမှတ်(၁)နဲ့ အမှတ်(၂)ကြားမှာ အိန္ဒိယနိုင်ငံသား Abdul Kabeer အသက်(၃၉)နှစ်က ရေထဲပြုတ်ကျပြီး ​ပျောက်ဆုံး​နေပါတယ်။ ကယ်ဆယ်​ရေးအဖွဲ့​တွေ ဆက်လက်ရှာ​ဖွေ​နေဆဲပါ။ အခုထိမ​တွေ့ရှိ​သေးပါဘူး” ဟု ရန်ကုန်မြို့အ​ခြေစိုက် အိန္ဒိယသံရုံးမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အိန္ဒိယနိုင်ငံသားသုံးဦးသည် အိန္ဒိယနိုင်ငံမှ MAI လေယာဥ်ဖြင့် ရန်ကုန်လေဆိပ်သို့ ​မေ ၂ ရက်၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရောက်ရှိခဲ့ပြီး​နောက် ကျောက်တံတားမြို့နယ် City Star Hotel အခန်း(၉၀၆)၌ တည်းခိုနေထိုင်ကြကြောင်း သိရသည်။

အဆိုပါ အိန္ဒိယနိုင်ငံသားသုံးဦးသည် မေ ၉ ရက်တွင် အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့သို့ ပြန်မည်သူများဖြစ်ပြီး (အထည်ရောင်းလုပ်ငန်းလုပ်ကိုင်သူများ)ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံး၏ ​ပြောဆိုချက်အရ သိရသည်။

မြစ်ရေအတွင်းသို့ ​ပြုတ်ကျပျောက်ဆုံး​နေသည့် အိန္ဒိယနိုင်ငံသားကို ကျောက်တံတားမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး

#ယနေ့ခေတ်

နန်းသီတာဆိပ်ကမ်း ဗောတံတားအမှတ်(၂)တွင် အိန္ဒိယနိုင်ငံသားတစ်ဦး ​မြစ်ထဲပြုတ်ကျ ​ပျောက်ဆုံး​နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.