ဘန်ကောက်၊ မတ် ၂၃
နစက ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် BIMSTEC ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဧပြီလ ၃ ရက်မှ ၄ ရက်အထိ ဘန်ကောက်မြို့သို့သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BIMSTEC ၏ ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် ပါဝင်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်က အတည်ပြုပြောကြားသည်။
မြန်မာနိုင်ငံတွင် 2021 ခုနှစ် အာဏာသိမ်းပြီးနောက် စစ်အစိုးရခေါင်းဆောင်၏ ပထမဆုံးဘန်ကောက်ခရီးစဉ်လည်း ဖြစ်သည်။
ဝန်ကြီးချုပ် ပေတုံတန် ရှီနာဝပ်ထရာက သဘာပတိအဖြစ် ထိပ်သီးအစည်းအဝေးကို ကျင်းပမည်ဖြစ်သည်။ အဆိုပါ BIMSTEC အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံအားလုံး၏ ခေါင်း ဆောင်များအားလုံး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယ၀န်ကြီးချုပ် နရိန်ဒရာ မိုဒီသည်လည်း သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါနှင့် ထိုင်းနိုင်ငံတို့မှ ခေါင်းဆောင်များနှင့်အတူ အစည်းအဝေးတက်ရောက်မည်ဖြစ် သည်။
BIMSTEC အဖွဲ့ကို ၁၉၉၇ ခုနှစ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင်တည်ထောင်ခဲ့ပြီး ဘင်္ဂလားပင်လယ်အော်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံများကြားတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ရည်ရွယ်သည်။ တောင်အာရှနှင့် အရှေ့တောင်အာရှအကြား ပေါင်းကူးတံတားအဖြစ်ဆောင်ရွက်ပြီး ဒေသတွင်းရှိ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာဆက်ဆံမှုများကို မြှင့်တင်ပေးသည်။
Ref: Thai pbs
#ယနေ့ခေတ်
နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် BIMSTEC ထိပ်သီးအစည်းအဝေး တက်ရောက်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်