နစကအဖွဲ့အကြီးအကဲနှင့် စေ့စပ်ဆွေးနွေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဆန္ဒရှိ ဟုဆို

ဖနွမ်းပင်၊ ဧပြီ ၁၀

နစကအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စေ့စပ်ဆွေးနွေးလိုကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဟွန်ဆန်သည် လက်ရှိအချိန်တွင် ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ယူနေပြီး ပြီးခဲ့သောရက်ပိုင်းက ဖနွမ်းပင်မြို့တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်စိုးမင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စေ့စပ်ဆွေးနွေးရန် ကမ်းလှမ်းလိုက်ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားအခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။

ဟွန်ဆန်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေသည့် ၂၀၂၂ ခုနှစ်တွင် နစကအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လူချင်းတွေ့ဆုံဆွေးနွေးခဲ့သလို အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခြင်းများရှိခဲ့ကြောင်း သိရသည်။

ဟွန်ဆန်သည် မြန်မာနိုင်ငံရေးအခြေနေမျာကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အမြင်ချင်းဖလှယ်တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်းကမ္ဘောဒီးယားအခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ခမာနှစ်သစ်ကူးမတိုင်ခင် သို့မဟုတ် ခမာနှစ်ကူးပြီးချိန် သင့်တော်သောအချိန်တွင် Video conference ပုံစံမျိုးဖြင့် တွေ့ဆုံဆွေးနွေးလိုနေကြောင်း မြန်မာသံအမတ်ကြီးက ပြောသည်။

ဝန်ကြီးချုပ်ဟွန်ဆန်က ၎င်းတို့နိုင်ငံသည် လူမျိုးသုန်းသတ်ဖြတ်မှုများ ရင်ဆိုင်ခဲ့ရဖူးသလို အခြားနိုင်ငံများ၏ ပိတ်ဆို့မှုများကို ရင်ဆိုင်ခဲ့ရဖူးကြောင်း၊ သို့သော်လည်း နိုင်ငံစုစည်းညီညွှတ်ရေး၊ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် Win-Win မူဝါဒကို အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ပြောသည်။

ကောင်းထက်ငွေ

akp.gov.kh/post

နစကအဖွဲ့အကြီးအကဲနှင့် စေ့စပ်ဆွေးနွေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဆန္ဒရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.