နစကနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကြား တပ်ဖွဲ့ဝင်များပြန်လည်ရုတ်သိမ်းရန်သဘောတူညီခဲ့ ဟုဆို

ရန်ကုန်၊ မတ် ၄

နစကနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့၊ တအောင်းလက်နက်ကိုင်အဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားသည့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့သည် တပ်ဖွဲ့ဝင်များ ပြန်လည်ရုတ်သိမ်းရန် သဘောတူညီမှုများရရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုအရ နစကနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုများကြောင့် နစကနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကြား တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဖက်စလုံးက မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏အကျိုးစီးပွားများကို ဘေးကင်းစိတ်ချရရန်နှင့် ထိခိုက်မှုမဖြစ်စေရန်အတွက် တပ်ဖွဲ့ဝင်များ ပြန်လည်ရုတ်သိမ်းရန် သဘောတူညီခဲ့ကြောင်း တရုတ်နှင့် ကချင်ဘာသာစကားများဖြင့်ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ပြီးခဲ့သောနှစ် အောက်တိုဘာလမှစတင်ပြီး နစကတပ်ဖွဲ့များနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကြား တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း အပစ်ခတ်ရပ်စဲရေးအတွက် ကြားဝင်စေ့စပ်ပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သော ဇန်နဝါရီလနောက်ပိုင်းတည်းက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် လိုလားခဲ့ပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ နှင့် နစကကြား အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

သဘောတူညီချက်ထဲတွင် နစကနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကြား ငါးကြိမ်မြောက်စေ့စပ်ဆွေးနွေးမှုများကို ဧပြီလအတွင်း ထပ်မံဆွေးနွေးရန်သဘောတူညီခဲ့ပြီး အချို့အချက်များကို အသေးစိတ်ထပ်မံဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။

ကောင်းထက်ငွေ

thediplomat.com

Photo: MNDAA ခေါင်းဆောင်များကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက ရှမ်းပြည်တစ်နေရာတွင် တွေ့ရစဉ်

နစကနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကြား တပ်ဖွဲ့ဝင်များပြန်လည်ရုတ်သိမ်းရန်သဘောတူညီခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.