ဓာတ်သတ္တု(ရွှေ) ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားပါက လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်းတင်ပြရမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုသူများအနေဖြင့် လိုင်စင်လျှောက်ထားပါက လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်းကို တင်ပြရမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သတင်းထုတ်ပြန်ထားသည်။

ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုသူများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နောက်ဆုံးထားလျှောက်ထားရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပြီး လျှောက်ထားရာတွင် ဘဏ်မန်နေဂျာကိုယ်တိုင် လက်မှတ်ထိုးထားသည့် လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်းကို Bank statement ပြထားသည့်စာရွက်ကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

“ သူက လုပ်ငန်းပမာဏရဲ့ ၂၅ ရာခိုင်နှုန်းကို ပြဖို့လိုတယ်။ ဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ပြီး သုံးလအတွင်း လိုင်စင်ကိုလျှောက်ရမှာ။ သတ်မှတ်ကာလအတွင်း လျှောက်ဖို့လိုတယ်။ သတ်မှတ်ရက်ကျော်ရင်တော့ အရေးယူခံရမှာပေါ့။” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားခြင်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှစတင်၍ လျှောက်ထားရန် ကြေညာထားပြီးဖြစ်ကာ သတ်မှတ်ထားသည့်ရက်အတွင်း လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းမရှိသူများ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – Google

ဓာတ်သတ္တု(ရွှေ) ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားပါက လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်းတင်ပြရမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.