ဓနုဖြူ-ရန်ကုန်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်း၊ ဓနုဖြူ-ရန်ကုန်ကားလမ်းတွင် ကုန်တင်ယာဉ်နှင့် ဆီဘောက်ဆာယာဉ်တို့ မျက်နှာချင်းဆိုင်ဝင်တိုက်ခဲ့ပြီး၊ ဆီဘောက်ဆာယာဉ်မောင်းအမျိုးသား နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီ မိနစ် ၄၀ ခန့်က ဓနုဖြူ-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ် ၁၄/၂ နှင့် ၁၄/၃ ကြားတွင် NlSSAN အဖြူရောင် ကုန်တင်ယာဉ်နှင့် ဂါလံ ၃၀၀၀ ပါသည့် ဆီဘောက်ဆာယာဉ်တို့ မျက်နှာချင်းဆိုင်ဝင်တိုက်ခဲ့ပြီး ဆီဘောက်ဆာယာဉ်မောင်းအမျိုးသား နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ ကျွန်တော်ဆီကို ဖုန်းဝင်တာတော့ ၅ နာရီကျော်လောက်ပါ။ ကုန်တင်ကားနဲ့ ဆီဘောက်ဆာ မျက်နှာချင်ဆိုင်ဝင်တိုက်တာ။ ဆီဘောက်ဆာကားပေါ်က ယာဉ်မောင်းကတော့ နေမှာဆုံးသွားတယ်။ ယာဉ်နောက်လိုက်ကတော့ ဒဏ်ရာရတယ်။ ဆီက ဂါလံ ၃၀၀၀ ပါတယ်။ အကုန်လုံးမှောက်သွားတယ်။” ဟု ပုဏ္ဏမာ လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

သေဆုံးသူ အမျိုးသား၏ရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူတို့ကို ပုဏ္ဏမာ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဓနုဖြူမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိ ရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-MFSD

ယနေ့ခေတ်

ဓနုဖြူ-ရန်ကုန်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.