နေပြည်တော်၊ ဇူလိုင် ၂၈
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်နှင့် တွေ့ ဆုံဆွေးနွေးခဲ့သလို မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့် အာရှရေးရာ တရုတ်အထူးကိုယ်စားလှယ် Deng Xijuan နှင့်လည်း တွေ့ဆုံဆွေးနွေးခွင့်ရရှိရန် အလားအလာ များကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီ၏ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း AFP သတင်းဌာနကဆိုသည်။
အဆိုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီ၏ တာဝန်ရှိသူက ဒေါ် အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ အစိုးရအဆောက်အဦးကို ပြောင်းရွှေ့ ခဲ့ကြောင်း ထပ်မံပြောဆိုခဲ့သည်။
၎င်းက “ ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင် ၂၄ ရက်၊ ညပိုင်းကနေ high-level တွေနေထိုင်တဲ့ အဆောက်အဦးကို ပြောင်းရွှေ့ ပေးခဲ့တာပါ။” ဟု AFP သတင်း ဌာနသို့ အတည်ပြုပြောဆိုထားကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် နီးစပ်သောသတင်းအရင်းမြစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ VIP compound သို့ပြောင်းရွှေ့ ပေးခဲ့ကြောင်း ထပ်မံပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအချိန်တွင် အကျင့်ပျက်လာဘ်စားမှုအပါအဝင် အခြားစွဲချက်များနှင့် ထောင်ဒဏ် ၃၃ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ်က ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် မီဒီယာများ၊ နိုင်ငံတကာသံတမန်များနှင့် တွေ့ ဆုံဆွေးနွေးခွင့် မရရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းနှင့် ၂ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းမွန်နေပြီး တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင် ရန် ပြောဆိုခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။
ကောင်းထက်ငွေ
ဒေါ်အောင်ဆန်းစုအနေဖြင့် ဦးတီခွန်မြတ်နှင့်တွေ့ဆုံခဲ့သလို တရုတ်အထူးကိုယ် စားလှယ်နှင့် တွေ့ဆုံဆွေးနွေးခွင့် ရဖွယ်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်