ဒေါ်အောင်ဆန်းစုကြည်နေထိုင်​သော ခြံအမှတ် ၅၄ လေလံအမှု ရုံးချိန်းထပ်မံ​ချိန်းဆို

ရန်ကုန်၊ ​မေ ၁၈

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်​သော ခြံအမှတ် ၅၄ ၏ လေလံအမှုနှင့်ပတ်သက်ပြီး ရုံးချိန်းရက်ကို ​မေ ၂၃ ရက်သို့ ထပ်မံချိန်းဆိုလိုက်​ကြောင်း ကမာရွတ်ခရိုင်တရားရုံးရှိ ​ရှေ့​နေအသိုင်းအဝိုင်းထံမှ သိရသည်။

“ ​ကမာရွတ်ခရိုင်တရားရုံးမှာ ခြံအမှတ် ၅၄ ရဲ့ ​လေလံအမှုနဲ့ပတ်သက်ပြီး​တော့ ​မေ ၁၅ ရက်က တရားနိုင်ဘက်က တင်ပြပြီး​တဲ့အချိန်မှာ ​မေ ၂၃ ရက်​နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။” ဟု ကမာရွတ်ခရိုင်တရားရုံးရှိ ​ရှေ့​နေတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ ၏ လေလံအမှုနှင့်ပတ်သက်၍ တရားနိုင်ဘက်က တင်ပြချက်ပြီး​နောက် ကမာရွတ်ခရိုင်တရားရုံးက ၂၃ ရက်သို့ ရုံးချိန်းရက်ထပ်မံချိန်းဆိုလိုက်​ကြောင်း သိရသည်။

အဆိုပါ ခြံအမှတ် ၅၄ ၏ တရားနိုင် ဦးအောင်ဆန်းဦးက ၎င်း၏ရှေ့နေနှင့်အတူ လာရောက်ခဲ့ပြီး နှုတ်ဖြင့်တင်ပြလျှောက်ချက်ကြောင့် မေ ၂၃ ရက်တွင် စာရွက်စာတမ်းများနှင့်တကွ တင်ပြရန် ရုံးချိန်းရက်ထပ်မံချိန်းဆိုခဲ့ခြင်းဖြစ်​ကြောင်း ​ရှေ့​နေအသိုင်းအဝိုင်းက သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၀ ရက်က အမေရိကန်ဒေါ်လာ သန်း ၁၅၀ နီးပါးဖြင့် ခြံအမှတ် ၅၄ ကို လေလံတင်ရောင်းချခဲ့ရာ ဝယ်ယူသူမရှိခဲ့ခြင်းကြောင့် လေလံပွဲမအောင်မြင်ခဲ့​ကြောင်း သိ ရသည်။

မြင့်မြတ်​အောင်မြင် 

ဓာတ်ပုံ – CJ

ဒေါ်အောင်ဆန်းစုကြည်နေထိုင်​သော ခြံအမှတ် ၅၄ လေလံအမှု ရုံးချိန်းထပ်မံ​ချိန်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.