ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ်(၅၄)အမှုကို ဒီဇင်ဘာ ၁၈ ရက်တွင် အမိန့်ချမည်

ရန်ကုန်၊ ဒီဇင်ဘာ ၅

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ်(၅၄)နေအိမ်နှင့်ပတ်သက်သည့်အမှုကို ဒီဇင်ဘာ ၁၈ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

ဦးအောင်ဆန်းဦးဘက်မှ အဆိုပါနေအိမ်ကို စျေးလျှော့၍လေလံတင်ရန် တရားရုံးသို့ ထပ်မံတင်ပြထားခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေအဖွဲ့က ယင်းအဆိုပြုချက်ကို ကန့်ကွက်ထားကြောင်း သိရသည်။

“ ဒီဇင်ဘာ တတိယအပတ်လောက်မှာ အမိန့်ချမယ်လို့ သိရတယ်။ ပထမအခေါက်တွေမှာ လေလလံတင်တုန်းက လေလံဆွဲမယ့်သူမရှိဘူး။ အဲဒါကြောင့် ဟိုဘက်က ဈေးကိုထပ်လျှော့ပြီးပြန်တင်တာ။ ‌ဘယ်သူက ဒီအိမ်ကို လေလံဝင်ဆွဲမလဲ။ ဘယ်သူမှမဆွဲရဲဘူးလေ။ စောင့်တော့ကြည့်ရမှာပေါ့။” ဟု နေအိမ်လေလံဆွဲပွဲကို လာရောက်လေ့လာသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဧရိယာအကျယ်အဝန်း (၁.၉၂၃) ဧကကျယ်ဝန်းပြီး စတုရန်းပေ (၈၃၇၆၅.၈၈) ပေရှိသည့် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ် (၅၄) နေအိမ်ကို ကျပ်ငွေ (၃၁၅) ဘီလီယံဖြင့်တစ်ကြိမ်၊ (၃၀၀) ဘီလီယံဖြင့်တစ်ကြိမ် လေလံတင်ရောင်းချခဲ့သော်လည်း လက်ရှိအချိန်အထိ လေလံဆွဲဝယ်ယူသူမရှိသေးကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ်(၅၄)အမှုကို ဒီဇင်ဘာ ၁၈ ရက်တွင် အမိန့်ချမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.