ဒေါနတောင်တက်လမ်းတွင် မြေပြိုမှုကြောင့် ကားများရာနှင့်ချီ ပိတ်မိနေ

ရန်ကုန်၊ ဇွန် ၁၁

ကရင်ပြည်နယ်၊ မြဝတီမြို့သို့သွားသည့် ကော့ကရိတ်-ဒေါန တောင်တက်လမ်းဟောင်းတွင် ဇွန် ၁၀ ရက်၊ နံနက်ပိုင်းက မြေပြိုမှုဖြစ်ပွားခြင်းကြောင့် ကားများရာနှင့်ချီပိတ်မိနေကြောင်း မြဝတီမြို့မှယာဉ်မောင်းများထံမှ သိရသည်။

မြဝတီမြို့၌ ဇွန်လ ၉ ရက်နှင့် ၁၀ တို့တွင် မိုးသည်းထန်စွာရွာသွန်းနေခြင်းကြောင့် တောင်ကျရေများကျဆင်းလာမှုနှင့်အတူ မြေပြိုမှုများဖြစ်ပွားလျက်ရှိပြီး လက်ရှိမြဝတီမြို့မှ အ ဆင်းကားများ မြဝတီသို့တက်မည့်ကားများ ရာနှင့်ချီကာ တောင်ခြေတွင်ပိတ်မိနေကြောင်း မြဝတီမြို့ခံယာဉ်မောင်းတစ်ဦးက ပြောသည်။

“ လမ်းပိတ်ထားမယ်မထင်လို့ထွက်လာရင်း တောင်ခြေရောက်မှ ပိတ်နေမှန်းသိရတာ။ မြေပြိုကျနေလို့ ဆက်သွားလို့မရတဲ့အခြေအနေကြောင့် ပိတ်တာ။ ပိတ်မိနေတဲ့ကားတွေမ နည်းဘူး တွေ့ရတယ်။ အခုလက်ရှိကားတွေက အတက်ရော၊ အဆင်းရောကားတွေပါအကုန်ဆို ရာကျော်လောက်ကို တောင်ခြေမှာပိတ်မိနေတာပါ။” ဟု အထက်ပါယာဉ်မောင်းက ဆက်ပြောသည်။

မြဝတီမြို့သို့ သွားနိုင်သည့် တောလမ်းများဖြစ်သည့် ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်း၊ ကြက်ဥတောင်လမ်း စသည့်လမ်းများသည်လည်း လွန်ခဲ့သည့်ရက်ပိုင်းက မိုးရွာသွန်းသည့်ဒဏ်ကြောင့် လမ်းများပျက်နေပြီး၊ ကားများကိုလယ် ထွန်စက်ဖြင့်ဆွဲကာ သွားလာနေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ခန့်ခန့်

Photo – CJ

ယနေ့ခေတ်

ဒေါနတောင်တက်လမ်းတွင် မြေပြိုမှုကြောင့် ကားများရာနှင့်ချီ ပိတ်မိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.