ဒေါက်တာဇော်မြင့်မောင် ကျန်းမာ​ရေးချို့ယွင်းလာသဖြင့် မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည် ဟုဆို

ရန်ကုန်၊ ဇွန် ၂၅

မန္တလေးတိုင်း​ဒေသကြီး၊ အိုးဘိုထောင်တွင် ထောင်ကျခံ​နေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်သည် ကျန်းမာရေးချို့ယွင်းလာမှုကြောင့် မန္တလေးဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူနေရသည်ဟု နစက သတင်းထုတ်ပြန်​ရေးအဖွဲ့က ဇွန် ၂၅ ရက်၊ ​နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ဒေါက်တာ​ဇော်မြင့်​မောင်၏ အသက် ၇၂ နှစ်အရွယ်ရှိပြီး နာတာရှည် သွေးကင်ဆာရောဂါ ခံစားနေရသူဖြစ်​ကြောင်း သိရသည်။

“ ​ဒေါက်တာ​ဇော်မြင့်​မောင်က နာတာရှည်​သွေးကင်ဆာ​ရောဂါနဲ့ ​ဆေးကုသ​မှုခံယူ​နေရသူပါ။ အသက်ကလည်း ၇၂ နှစ်ရှိပြီပါပြီ။ ​ဆေးစစ်ဖို့လိုအပ်ချက်အရ ​ဆေးရုံတက်ရတာပါ။” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ ​ပြောသည်။

​ဒေါက်တာ​ဇော်မြင့်​​မောင်သည် ယခင်က မန္တ​လေးတိုင်းဝန်ကြီးချုပ်အဖြင့် တာဝန်ထမ်း​ဆောင်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်၊ ​ဖေ​ဖော်ဝါရီ ၁ ရက်မှစတင်ပြီး ဖမ်းဆီးထိန်းသိမ်းရပြီး အကျဥ်းကျခံခဲ့ရ​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – ဒေါက်တာဇော်မြင့်မောင်(ပုံဟောင်း)

ဒေါက်တာဇော်မြင့်မောင် ကျန်းမာ​ရေးချို့ယွင်းလာသဖြင့် မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.