ရန်ကုန်၊ ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နှင့် ဒီပဲယင်းမြို့နယ်များ၏ စစ်ရှောင်နေရာအချို့၌ ပြီးခဲ့သည့် ဒီဇင်ဘာတစ်လအတွင်း မြွေဆိုးကိုက်ခံရသူ အယောက် ၃၀ ကျော်ရှိခဲ့ကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။
ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း ရွှေဘိုမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်တို့မှ စစ်ဘေးရှောင်ရင်း တောင်ယာလုပ်ကိုင်နေများမှာ မြွေဆိုးကိုက်ခံရမှုများလာပြီး လူဦးရေ ၃၀ ဦးကျော်ထိ ရှိလာခဲ့ကြောင်း သိရသည်။
“ စစ်ဘေးသင့်ဒေသက တောင်ယာလုပ်သူတွေပေါ့၊ အခုက ရိတ်သိမ်းတဲ့ကာလဖြစ်နေတော့ ယာထဲဆင်းရင်းကိုက်ခံရတာပါ။ အခုက ပိုများလာတာပါ။” ဟု ဒေသတွင်း ကူညီစောင့် ရှောက်ပေးနေသူတစ်ဦးက ပြောသည်။
ယခုကာလသည် စပါးရိတ်သိမ်းချိန်ကာလဖြစ်ပြီး နယ်မြေမအေးချမ်းမှုများကြောင့် ရိတ်သိမ်းစက်များငှားရမ်းရာမှာ အခက်အခဲရှိသလို တစ်ဖက်မှာလည်း မုန်တိုင်းဝင်ပြီး ပျက်စီးခဲ့ သည့် စပါးပင်များအား ရိတ်သိမ်းစက်ဖြင့် သိမ်းဆည်းရန် ခက်ခဲခြင်းကြောင့် စိုက်ခင်းများထဲ လူများကိုယ်တိုင်ဆင်း၍ လုပ်ကိုင်ရသဖြင့် ပိုးထိလူနာပိုမိုများပြားလာခဲ့သည်ဟု ဆို သည်။
“ လယ်သိမ်းချိန်မှာ ဒီနှစ်ဘာလို့ တအားကိုက်လည်းဆိုရင် ဒီကြားထဲမှာမုန်တိုင်းတစ်ခုဝင်ခဲ့တယ်။ အဲ့မှာ ရေတအားဝင်ထားတာကြတော့ စပါးတွေကလည်းလဲသွားတာပေါ့။ ရိတ် စက်ဆိုတဲ့သဘောကလည်း စပါးပင်လဲရင် ရိတ်မရဘူး။ ထောင်နေမှ ရိတ်ရတာ၊ အဲ့ကျတော့ စပါးခင်းထဲ လူတွေဆင်းရတာပေါ့။ အဲ့မှ ပိုးထိတဲ့လူဦးရေက ပိုများလာတာပေါ့။” ဟု ဒေသခံတစ်ဦးက ပြောသည်။
“ မြေဆိပ်ဖြေဆေးက စစ်ကိုင်းတိုင်းထဲမှာ ၁၁ မြို့နယ်ကို ဖြန့်ဝေပေးထားတယ်။ နောက်ပြီး မြွေဆိပ်ဖြေဆေးမလှူခင်ကတော့ အသက်ဆုံးရှုံးမှုတွေ ရှိတယ်။ အခုကတော့မရှိတော့ ပါဘူး” ဟု ဒေသခံ ကူညီစောင့်ရှောက်နေသူတစ်ဦးက ပြောသည်။
အဆိုပါဒေသများ၌ မကြာခဏဆိုသလို စစ်ကြောင်းထိုးခြင်း နှစ်ဖက်အပြန်အလှန်တိုက်ပွဲများဖြစ်ပွားခြင်းနှင့် ဒေသတစ်ခုလုံး စစ်ဘေးသင့်နေရကာ အချို့မှာပြန်လည်တည်ဆောက် ရေးများလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – S&C
ဒီပဲယင်းနှင့် ရွှေဘို စစ်ရှောင်ဒေသ၌ တစ်လအတွင်း မြွေကိုက်ခံရသူ ၃၀ ဦး ထိရှိခဲ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်