ဒိန်းမတ်ဝန်ကြီးချုပ်ကို အရပ်သားတစ်ဦးက လမ်းလည်ခေါင်တွင် တိုက်ခိုက်

ကိုပေဟေဂင်၊ ဇွန် ၈

ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရီဒီရစ်ဆန်သည် ပြီးခဲ့သောရက်ပိုင်းက မြို့တော်ကိုဟင်ဟေဂင်လမ်းတွင် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုသည် မြို့လည်ခေါင်ရှိ ရင်ပြင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ လမ်းလျှောက်လာသူတစ်ဦးက ဝန်ကြီးချုပ်ကို ရုတ်တရက်ထိုးနှက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

လက်ရှိအချိန်တွင် ဒိန်းမတ်ရဲတပ်ဖွဲ့က ကျူးလွန်သူကို ဖမ်းဆီးထားကြောင်း သိရသည်။

ဒိန်းမတ်ဝန်ကြီးချုပ်ရုံးက “ ဝန်ကြီးချုပ်ဟာ ဇွန်လ ၇ ရက်နေ့က တိုက်ခိုက်ခံခဲ့ရတယ်။ အဲဒီတိုက်ခိုက်သူကို ဖမ်ဆီးထားတယ်။ ဝန်ကြီးချုပ်ဟာ ရုတ်တရက်တိုက်ခိုက်ခံရလို့ အံအား သင်တုန်လှုပ်ခဲ့ရတယ်။” ဟု ပြောသည်။

ဒိန်းမတ်ရဲတပ်ဖွဲ့သည် ဖမ်းဆီးခဲ့သောတိုက်ခိုက်ရေးသမားကို စုံစမ်းစစ်ဆေးပြီး အသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

မျက်မြင်တွေ့ရှိသူများက “ တိုက်ခိုက်ခဲ့သူဟာ ဒိန်းမတ်ဝန်ကြီးချုပ်နဲ့ ဆန့်ကျင့်ဘက်လမ်းလျှောက်လာခဲ့တာပါ။ ဒိန်းမတ်ဝန်ကြီးချုပ်နားရောက်ရှိချိန်မှာ ဆွဲချုပ်ပြီး ထိုးနှက်ခဲ့တာပါ။ ဝန်ကြီးချုပ်ဟာ ထိုးနှက်တိုက်ခိုက်ခံရမှုကြောင့် လဲကျခဲ့တယ်။” ဟု ပြောသည်။

ဥရောပတိုက်ရှိနိုင်ငံများတွင် ဝန်ကြီးချုပ်များ၊ သမ္မတများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ အရှိန်မြင့်တက်လာနေပြီး ပြီးခဲ့သောလကလည်း ဆလိုဗက်ကီးယားဝန်ကြီးချုပ်သည် သေနတ်သမားတစ်ဦး၏ အနီးကပ်ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း သိရသည်။

သို့သော်လည်း ဝန်ကြီးချုပ်သည် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာများကိုခွဲစိတ်ကုသခဲ့ပြီးနောက် လက်ရှိတွင် အသက်အန္တရာယ်စိုးရိမ်ရမှုမရှိတော့ကြောင်း သိရသည်။

ကောင်းထက်ငွေ

bbc.com/news

ဒိန်းမတ်ဝန်ကြီးချုပ်ကို အရပ်သားတစ်ဦးက လမ်းလည်ခေါင်တွင် တိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.