ဒဂုံအရှေ့ရှိ ကော်စေ့စက်ရုံ မီးလောင် Level 2 အဆင့်ထိတောင်းထား ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံအရှေ့စက်မှုဇုန်ရှိ ကော်စေ့စက်ရုံတွင် ယနေ့ည ၆ နာရီ ၅၇ မိနစ်ခန့်ကစ၍ မီးလောင်မှုဖြစ်ပွားနေပြီး ည ၉ နာရီကျော်သည်အထိ မီးမငြိမ်းသေးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

လက်ရှိအချိန်ထိ နယ်မြေခံမီးသတ်စခန်းအပါအဝင် နီးစပ်ရာမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြိမ်းသတ်နေကြောင်း သိရသည်။

“ ကော်စေ့စက်ရုံလောင်တာ။ မီးတော်တော်များတယ်။ အခု level 2 အဆင့်တောင်းထားတယ်။” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါမီးလောင်မှုကို ည ၉ နာရီကျော်သည်အထိ ငြိမ်းသတ်နေရပြီး မီးသတ်တပ်ဖွဲ့ဝင်အချို့နှင့် လူမှုကူညီရေးအဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိနေကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – MRSF

#ယနေ့ခေတ်

ဒဂုံအရှေ့ရှိ ကော်စေ့စက်ရုံ မီးလောင် Level 2 အဆင့်ထိတောင်းထား ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.