ဒဂုံမြို့သစ်(တောင်ပိုင်း) (၆၃) ရပ်ကွက်တွင် စက္ကူကြမ်းသို​လှောင်ရုံ မီး​လောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆၃)ရပ်ကွက်၊ ဘုရားလမ်းအနီးတွင် ဖေဖော်ဝါရီ ၁၂ ရက်၊ ည ၁၀ နာရီခွဲက စက္ကူကုန်ကြမ်းသို​လှောင်ရုံ မီးလောင်မှုဖြစ်ပွားခဲ့​ကြောင်း သိရသည်။

အမှတ်(၆၃)ရပ်ကွက်၊ ဘုရားလမ်းအနီးရှိ စက္ကူကြမ်းသို​လှောင်ရုံတွင် မီး​လောင်မှုဖြစ်ပွားရာ တစ်နာရီခန့်ကြာ မီးငြိမ်းသတ်ခဲ့ပြီး မီး​လောင်မှု​ကြောင့် ကျပ်သိန်း ၁၀၀ ခန့်ပျက်စီးဆုံးရှုံးမှုရှိခဲ့​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“ မီးငြိမ်းသတ်မှု တစ်နာရီခန့်ကြာခဲ့ပါတယ်။ စက္ကူကြမ်းသို​လှောင်ရုံပါ။ တစ်ဦးတစ်​ယောက်က ဆေးလိပ်မီးပစ်ခဲ့လို့ မီး​လောင်မှုဖြစ်ပွားခဲ့တယ်လို့ ယူဆမိပါတယ်။ လတ်တ​လော မီး​လောင်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူ​တွေကို စုံစမ်းစစ်​ဆေး​နေပါတယ်။” ​ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါမီး​လောင်မှုကို တစ်နာရီခန့်ကြာ ငြိမ်းသတ်​ပေးခဲ့ရပြီး အခြား​သော​နေအိမ်များသို့ မီးကူးစက်​လောင်ကျွမ်းခြင်းမရှိ​ကြောင်းနှင့် မီး​လောင်မှု​ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့​ကြောင်း သိရသည်။

မီးလောင်ဖြစ်ပွားရာသို့ ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ်များနှင့်အတူ လူမူကူညီရေးအသင်းများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီခွဲတွင် အပြီးသတ်ငြိမ်းသတ်​ပေးနိုင်ခဲ့​ကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တိုင်း​ဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်တစ်နှစ်လုံး အတိုင်းအတာအရ မီး​ပေါ့ဆမှု​ကြောင့် မီး​လောင်မှု ၂၃ မှုထိရှိခဲ့​ကြောင်း သိရသည်။

#မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

#ယနေ့ခေတ်

ဒဂုံမြို့သစ်(တောင်ပိုင်း) (၆၃) ရပ်ကွက်တွင် စက္ကူကြမ်းသို​လှောင်ရုံ မီး​လောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.