ထိုင်းအာဏာပိုင်များက ရိုဟင်ဂျာဟုယူဆရသူ ၇၀ ကို ဖမ်းဆီး

ဘန်ကောက်၊ နိုဝင်ဘာ ၁၈

ထိုင်းအာဏာပိုင်များသည် ရိုဟင်ဂျာဟုယူဆရသူ ကလေးငယ် ၃၀ ဦးအပါဝင် လူပေါင်း ၇၀ ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။

Phang Nga ဒေသအုပ်ချုပ်ရေးမှုး ဆွန်ကာနီ ဖိုသီစရီက “ ကနဦး စုံစမ်းစစ်ဆေးချက်တွေအရတော့ အဲဒီသူတွေဟာ မြန်မာနိုင်ငံကမွတ်စလင်တွေဖြစ်ပြီး မလေးရှားနဲ့ အင်ဒိုနီးရှားကိုသွားဖို့ ရည်ရွယ်ထားသူတွေလို့ ထွက်ဆိုထားတယ်” ဟု ပြောသည်။

အဆိုပါရွှေ့ပြောင်းသွားလာသူများကို ထိုင်းနိုင်ငံတောင်ပိုင်းက ကမ်းခြေတွင်တွေ့ခဲ့ပြီး၊ အမျိုးသမီးများမှာ Hijabs ဝတ်ဆင်ထားသည်ကိုတွေ့ရကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

ရိုဟင်ဂျာများသည် သစ်သားလှေများအသုံးပြုကာ ထိုင်းနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ဝင်ရောက်ရန် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ဖူးသလို အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့ကို သွားရောက်ရန် ကြိုးပမ်းမှုများ ရှိခဲ့သည်။

ထိုင်းအာဏာပိုင်များက ၎င်းတို့သည် ရိုဟင်ဂျာလူမျိုး သို့မဟုတ် မြန်မာလူမျိုးဆိုသည်ကို ဆုံးဖြတ်နိုင်ခြင်းမရှိသေးဘဲ အသေးစိတ်စုံစမ်းစစ်ဆေးနေဆဲသာဖြစ်ကြောင်း၊ ကလေးများကို ထိုင်းလူမှုဖွံဖြိုးရေးနှင့် စောင့်ရှောက်ရေးဌာနက စောင့်ရှောက်ထားကြောင်း သိရသည်။

ပြီးခဲ့သောလကလည်း ရိုဟင်ဂျာရာချီတင်ဆောင်လာသည့် လှေတစ်စီး အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ရန်ကြိုးပမ်းခဲ့ဖူးကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

ပုံစာ – ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့အာချေးပြည်နယ်တွင် ဖမ်းဆီးရမိခဲ့သည့် ရိုဟင်ဂျာ အမျိုးသမီးများ

ယနေ့ခေတ်

ထိုင်းအာဏာပိုင်များက ရိုဟင်ဂျာဟုယူဆရသူ ၇၀ ကို ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.