ဘန်ကောက်၊ မတ် ၁၃
ထိုင်းရွေးကောက်ပွဲကော်မရှင်သည် ထိုင်းရွေးကောက်ပွဲတွင် မဲအများဆုံးအနိုင်ရခဲ့သော်လည်း အစိုးရအဖွဲ့ ဦးဆောင်ဖွဲ့စည်းခွင့်မရဘဲ အတိုက်ခံပါတီဖြစ်သော Move Forward ပါတီကို ဖျက်ဆီးရန် တောင်းဆိုနေကြောင်း သိရသည်။
Move Forward သည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလအတွင်း ဘုရင့်စနစ်ကို ဝေဖန်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲကော်မရှင်က ပါတီကို ဖျက်ဆီးရန် တောင်းဆိုလာခြင်းဖြစ်ကြောင်း သိရသည်။
Move Forward ပါတီသည် ဘုရင်စနစ်ကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် အပြောင်းအလဲလုပ်ဆောင်ရန် ကြိုးပမ်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဇန်နဝါရီလအတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ခုံရုံးကဆုံးဖြတ်ခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မရှင်က Move Forward ပါတီကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခုံရုံးက Move Forward ပါတီသည် ထိုင်းဘုရင့်စနစ်ကိုဖျက်ဆီးရန် ကြိုးပမ်းအားထုတ်မှုအဖြစ် ပုဒ်မ ၁၁၂ ကို ပြင်ဆင်ပြောင်းလဲရန် အဆိုပြုကြိုးပမ်းလာခြင်းကို တွေ့ရှိခဲ့ကြောင်း ဆုံးဖြတ်ထားသည်။
ရွေးကောက်ပွဲကော်မရှင်က “ Move Forward ပါတီဟာ နိုင်ငံရဲ့အကြီးအကဲအဖြစ် သတ်မှတ်ထားတဲ့ ထိုင်းဘုရင်စနစ်နဲ့ ဒီမိုကရက်တစ်စနစ်ကို ထိခိုက်နစ်အောင် လုပ်ဆောင်တဲ့သက်သေတွေရရှိခဲ့တယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လေ့လာပြီးနောက် ပါတီကိုဖျက်သိမ်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ထပ်မံတောင်းဆိုသွားဖွယ်ရှိနေကြောင်း သိရသည်။
Move Forward သည် ပြီးခဲ့သောနှစ်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် လူငယ်များအကြား ရေပန်းစားလူကြိုက်အများဆုံး ပါတီဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါတီ၏ အမတ်များသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကတိအတိုင်း ဘုရင်စနစ်ကို ပြင်ဆင်ပြောင်းလဲနိုင်ရေး ကြိုးပမ်းလာခဲ့ရာ ထိုင်းနိုင်ငံအတွင်းရှိ ရှေးရိုးစွဲပါတီများ ဒေါသဖြစ်စေခဲ့ကြောင်း သိရသည်။
လွှတ်တော်အတွင်းရှိ စစ်တပ်ကျောထောက်နောက်ခံပြုထားသော ကိုယ်စားလှယ်များသည် Move Forward ပါတီဦးဆောင်ပြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်နိုင်ရေးကိုလည်း ပြီးခဲ့သောနှစ်အတွင်း ကန့်ကွက်မဲအများဆုံးပေးခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
ထိုင်းအတိုက်ခံပါတီကို ဖျက်သိမ်းရန် ရွေးကောက်ပွဲကော်မရှင် တောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်