ထိုင်းအစိုးရ​ဆေးရုံတွင် မြန်မာ​ရွှေ့​ပြောင်းလုပ်သားတစ်ဦး ​သေနတ်ဖြင့်ပစ်သတ်ခံရ

ဘန်​ကောက်၊ ဇွန် ၉

ထိုင်းနိုင်ငံ၊ Muang Khon Kaen ခရိုင်၊ အစိုးရဆေးရုံတွင် ဇွန် ၇ ရက်၊ ​ဒေသစံ​တော်ချိန် နံနက် ၈ နာရီက ကျောဘက်အကြိတ် ခွဲစိတ်ကုသမှုခံယူ​နေသည့် မြန်မာ​ရွှေ့​​ပြောင်းလုပ်သားတစ်ဦးကို ထိုင်းရဲအရာရှိ (ရဲတပ်ကြပ်)တစ်ဦးက ​သေနတ်ဖြင့်ပစ်ခတ်ခြင်း​ကြောင့် ​နေရာ၌သေဆုံးသွား​ကြောင်း Bangkok Post သတင်းဌာနတွင်ဖော်ပြချက်အရ သိရသည်။

“ မြန်မာ​ရွှေ့​ပြောင်းလုပ်သားတစ်ဦးက Muang Khon Kaen ခရိုင်၊ အစိုးရဆေးရုံမှာ ကျောဘက်အကြိတ် ခွဲစိတ်ကုသမှုခံယူ​နေသူပါ။ သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ထိုင်းရဲအရာရှိကိုယ်တိုင်က မြန်မာလူငယ်ကို ပစ်ခတ်သတ်ခဲ့တာ ဝန်ခံထားပါတယ်။ ဒီ​ဆေးရုံမှာပဲ ဆေးဝါးကုသမှုခံယူနေတဲ့ သူရဲ့ဖခင်ဘေးကုတင်မှာရှိနေတဲ့ မြန်မာလူငယ်နဲ့ပတ်သက်ပြီး စိတ်အနှောင့်အ ယှက်ဖြစ်နေတာ သိရတာကြောင့် ပစ်သတ်ခဲ့တာလို့ ထွက်ဆိုထားပါတယ်။” ဟု ထိုင်း​ရောက် မြန်မာ​​ရွှေ့​ပြောင်းလုပ်သားကူညီ​စောင့်​ရှောက်​ရေးအဖွဲ့ တာဝန်ခံတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ မြန်မာ​ရွှေ့​ပြောင်းလုပ်သားအား အစိုးရ​ဆေးရုံတွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ ထိုင်းရဲအရာရှိ (ရဲတပ်ကြပ်)ကို ဇွန် ၈ ရက်​က ဖမ်းဆီးရမိခဲ့​ကြောင်း အာဏာပိုင်များက Bangkok Post သတင်းဌာနသို့ ​ပြောသည်၊

​သေနတ်ဖြင့် ပစ်ခတ်သတ်ခံရသူ မြန်မာ​ရွှေ့​ပြောင်းလုပ်သားသည် အသက် ၂၉ နှစ်အရွယ်ဖြစ်ပြီး၊ Muang Khon Kaen ခရိုင်၊ အစိုးရဆေးရုံ၌ ​ဆေးဝါးကုသမှုခံယူ​နေသူဖြစ်​ကြောင်း သိရသည်။

မြန်မာ​ရွှေ့​ပြောင်းလုပ်သားအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ အသက် ၃၄ နှစ်အရွယ် ထိုင်းရဲတပ်ကြပ် Veeraphong Buayen က Khon Kaen ခရိုင် Phra Yuen ရဲစခန်းတွင် တာဝန်ထမ်းဆာင်နေသူတစ်ဦးဖြစ်ပြီး၊ ဇွန် ၈ ရက်၊ ​ဒေသစံ​တော်ချိန် နံနက် ၉ နာရီခွဲက Khon Kaen ရဲစခန်းတွင် ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့​ကြောင်း Bangkok Post သတင်းဌာန၏ ​ဖော်ပြချက်အရ သိရသည်။

မြင့်မြတ်​အောင်မြင် 

ဓာတ်ပုံ – Bangkok Post

ထိုင်းအစိုးရ​ဆေးရုံတွင် မြန်မာ​ရွှေ့​ပြောင်းလုပ်သားတစ်ဦး ​သေနတ်ဖြင့်ပစ်သတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.