ထိုင်းအစိုးရက လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသော မြန်မာနိုင်ငံသားများကို ပိုမိုတိုးမြှင့်ကူညီသွားမည် ဟုဆို

ဘန်ကောက်၊ ဧပြီ ၂၁

ကရင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိနေသည့် တိုက်ပွဲများကြောင့် ထိုင်းအစိုးရသည် မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူများကို အကူအညီများပိုမိုတိုးမြှင့်ကူညီပေးနိုင်ရန် ပစ်မှတ်ထားနေကြောင်း ထိုင်းအစိုးရတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော နီကွန်ဒီ ဘလန်ကူရာက အကူညီလိုအပ်နေသူအားလုံးအား လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများကို တန်းတူညီမျှပေးသွားရန် ကြိုးပမ်းနေကြောင်း၊ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူများကို အကူအညီပေးနိုင်ရန်အတွက် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတစ်လျှောက်ရှိ အရပ်ဘက်ဆိုင်ရာအဖွဲစည်းများအပြင် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲစည်းများနှင့်ပူးပေါင်းပြီး မကြာမီဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောသည်။

ထိုင်းအစိုးရသည် တိုက်ပွဲများကြောင့် သက်ရောက်မှုဒဏ်ခံရသည့် မြန်မာနိုင်ငံသားများသို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ ကူညီထောက်ပံ့ပေးနိုင်ရန် ကြိုးပမ်းနေပြီး၊ အ ကူအညီလိုအပ်နေသူများကို ပိုမိုကူညီပေးသွားရန် စီစဉ်နေကြောင်း ၎င်းကပြောသည်။

နီကွန်ဒီ ဘလန်ကူရာက “ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် ထိုင်းအစိုးရဟာ မြန်မာနိုင်ငံတည်ငြိမ်ရေး၊ စုစည်းညီညွှတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေးတိုအတွက် တွေ့ဆုံဆွေးနွေးဖို ကူညီထောက်ပံ့ပေးသွားမယ်။ မြန်မာနိုင်ငံရှိ အဖွဲစည်းအသီးသီးကြား အဖြေရှာဖိုနဲ့ ဆွေးနွေးမှုကနေ အဖြေရအောင်ရှာဖို ကြိုးပမ်းရမှာဖြစ်ပါတယ်။ ထိုင်းအစိုးရဟာ မြန်မာနိုင်ငံရေး အာဏာအငြင်းပွားမှုတွေမှာပါဝင်နေတဲ့ သက်ဆိုင်ရာအဖွဲစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို အဆင်သင့်ရှိနေပါတယ်။” ဟု ပြော သည်။

ထိုအပြင် ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းမှုများကို ကူညီထောက်ပံ့ပေးရန် အဆင့်သင့်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုခဲ့သည်။

၎င်းက “ ထိုင်းအစိုးရဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ စုစည်းညီညွှတ်ရေးဆိုတဲ့ အဓိကအချက်သုံးချက်ရရှိအောင် အမျိုးသားပြန်လည်သင့်မြတ်ရေးတိုအတွက် တွေ့ဆုံဆွေးနွေးမှုတွေကို ကူညီထောက်ပံ့ပေးမယ်။ လာမယ့် သီတင်းပတ်တစ်ပတ်၊ နှစ်ပတ်အတွင်းမှာ နိုင်ငံတကာအဖွဲစည်းတွေနဲ့ပူးပေါင်းပြီး လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးတာတွေကို တိုးမြှင့်လုပ်ဆောင်ဖို စဉ်းစားနေတယ်။” ဟု ပြောသည်။

ထိုင်းကာကွယ်ရေးဝန်ကြီးကလည်း “ နယ်စပ်ဒေသအခြေနေတွေကို စောင့်ကြည့်ကြီးကြပ်ဖို နယ်စပ်ရေးရာကော်မတီရှိနေပါတယ်။ ထိုင်းစစ်တပ်ရဲ့တပ်ဖွဲတွေဟာ လေကြောင်းရန်ကာကွယ်ဖို အဆင့်သင့်ရှိနေပါတယ်။ လေကြောင်းကင်းလှည့်တာတွ နဲ့ တားဆီးတာတွေလည်း လုပ်ဆောင်နေတယ်။ ထိုင်းနိုင်ငံဟာ ကိုယ်နိုင်ငံရဲ့လေကြောင်းကို ကာကွယ်ဖို လုပ်နိုင်စွမ်းရှိနေပါတယ်။ ထိုင်းနိုင်ငံပိုင်နက်တွေကို ကျူးကျော်လာမယ်ဆိုရင် တိုက်လေယာဉ်တွေချက်ချင်းစေလွှတ်ပြီး ကြားဖြတ်ဟန့်တားတွေ လုပ်ဆောင်နိုင်စွမ်းရှိနေပါတယ်။” ဟုပြောသည်။

ကောင်းထက်ငွေ

en.vietnamplus.vn

ထိုင်းအစိုးရက လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသော မြန်မာနိုင်ငံသားများကို ပိုမိုတိုးမြှင့်ကူညီသွားမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.