ရန်ကုန်၊ မတ် ၂၆
ထိုင်းအစိုးရသည် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများလိုအပ်နေသော မြန်မာနိုင်ငံသားများအတွက် မတ်လ ၁၅ ရက်နေ့တွင် အကူအညီများစတင်ပေးပို့ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသူ ၂ ဒသမ ၈ သန်းကျော်ရှိနေပြီး လူသားချင်းဆိုင်ရာစာနာမှုအကူညီများ လိုအပ်နေကြောင်း သိရသည်။
သို့သော်လည်း ထိုင်းအစိုးရက ပံ့ပိုးကူညီပေးသော လူသားချင်းဆိုင်ရာ စာနာမှုအကူအညီက မြန်မာအစိုးရကိုသာ အကျိူးကျေးဇူးဖြစ်စေခဲ့ကြောင်း ဝေဖန်မှုများလည်းရှိနေသည်။
ထိုင်းအစိုးရသည် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများကို ထိုင်းနိုင်ငံတက်ပြည်နယ်မှ မြန်မာနိုင်ငံဘက်ခြမ်းကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး၊ ကရင်ပြည်နယ်ရှိ မြို့နယ်သုံးမြို့နယ်ရှိ နေ ရပ်စွန့်ခွာနေရသူ ၂ သောင်းကျော်အတွက် ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရကပေးပို့ခဲ့သော အကူအညီများထဲတွင် အခြေခံအသုံးအစောင်ပစ္စည်းများ၊ အသင့်စားအစားစာများနှင့် အခြားအစားစာများပါဝင်ခဲ့ပြီး ထိုင်းဘတ် ၅ သန်းကျော် တန်ဖိုးရှိကြောင်း သိရသည်။
လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးပစ္စည်းများ တင်ဆောင်လာသောကားများသည် ထိုင်းနှင့်မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၂) ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂအဖွဲ့က မြန်မာနိုင်ငံတွင် ကလေးငယ် ၆ သန်းအပါအဝင် လူပေါင်း ၁၈ ဒသမ ၆ သန်းခန့် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများလိုအပ်နေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ကောင်းထက်ငွေ
apnews.com
ထိုင်းအစိုးရက မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူများကို အကူညီများ ပထမဆုံးအကြိမ်ပေးပို့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်