ထိုင်းသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့မှုကာလ ကုန်ဆုံးပြီးနောက်ပိုင်း တရုတ် ဈေးကွက်သို့ တင်ပို့နိုင်ရန် စီစဉ်နေ

ရန်ကုန်၊ စက်တင်ဘာ ၆

ထိုင်းနိုင်ငံသို့ ဖေဖော်ဝါရီလ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့မှုကာလ ကုန်ဆုံးပြီးနောက်ပိုင်း တရုတ်ဈေးကွက်သို့ တင်ပို့နိုင်ရန် စီစဉ်နေ ကြောင်း ပြောင်းကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

လက်ရှိ တရုတ်-မြန်မာနယ်စပ်ဒေသတွင် ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထားသည့် ပြောင်းများကိုသာ တင်ပို့မှုရှိနေခြင်းဖြစ်ပြီး အခြားဒေသမှထွက်ရှိသည့် ပြောင်းများကို တင် ပို့ခြင်းမရှိသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

“ ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့တာများတယ်။ ဒီကာလပြီးဆုံးသွားပြီဆိုရင် ကုန်သည်တွေတော်တော်များများက မတင်ပို့ကြတော့ဘူး။ ပြီးခဲ့တဲ့လက မြေပြိုတာတွေ လမ်း ပိုင်းပျက်စီးတာတွေကြောင့် ထိုင်းကိုအချိန်မီ မတင်ပို့နိုင်ဘူး။ သက်တမ်းထပ်တိုးပေးဖို့ တောင်းဆိုတယ်။ ဒါပေမယ့် မရဘူး။ ဒါကြောင့် တရုတ်ဈေးကွက်ကိုချဲ့ပြီး တင်ပို့နိုင်ဖို့အ တွက် နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတယ်။” ဟု ပြောင်းကုန်သည်ဦးသန်းစိုးက ပြောသည်။

ထိုင်းနိုင်ငံကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီမှ ဇူလိုင်အထိ ၆ လအတွင်း ပြောင်းတင်ပို့မှုတန်ချိန် ၁ ဒသမ ၃ သန်းကျော်အထိရှိခဲ့ပြီး ယခုနှစ် အလားတူကာလတွင် တန်ချိန် ၁ သန်းကျော် သာ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ယခု စက်တင်ဘာလမှစ၍ မိုးပြောင်းသစ်များ ထပ်မံထွက်ရှိလာတော့မည်ဖြစ်ပြီး မြန်မာပြောင်းဆန်စျေး လက်ရှိစျေးတန်းအောက် ကျဆင်းနေကြောင်း သိရသည်။

ထို့ပြင် တစ်ဖက်တွင်လည်း ပြောင်းကိုပြည်ပတင်ပို့ရောင်းချရာ၌ ပို့ကုန်ရငွေ ၅၀/၅၀ ရာခိုင်နှုန်း မူဝါဒကြောင့် ကုန်သည်များအတွက် အခက်တွေ့စေသည့်အပြင် တောင်သူများအ တွက် ပြောင်းစျေးရငွေကိုလည်း လျော့နည်းရရှိစေကြောင်း ၎င်းကဆိုသည်။

ပြည်တွင်း၌တစ်နှစ်လျှင် စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန် ၂ ဒသမ ၃ သန်းနှင့် ၂ ဒသမ ၆ သန်းကြားထွက်ရှိကြောင်း သိရသည်။

ပြည်ပတင်ပို့မှုအနေဖြင့် ထိုင်းနှင့်တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့် တင်ပို့ပြီး ပင်လယ်ရေကြောင်းမှ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယမ်နမ်၊ ဘင်္ဂလားဒေ့်နှင့် အာဖရိက တို့ကို တင်ပို့ခြင်းဖြစ်သည်။

စုစု

ဓာတ်ပုံ – စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

#ယနေ့ခေတ်

ထိုင်းသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့မှုကာလ ကုန်ဆုံးပြီးနောက်ပိုင်း တရုတ် ဈေးကွက်သို့ တင်ပို့နိုင်ရန် စီစဉ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.