ထိုင်းဝန်ကြီးချုပ် ပေတွန်တန်ရှင်နာဝါထရာသည် ထိုင်းဘတ် ၁၄ ဘီလျံနီးပါး ကြွယ်ဝချမ်းသာပြီး ဒေါ်လာသန်းချီတန်ကြေးရှိ လက်ကိုင်အိတ်များလည်းပိုင်ဆိုင်သည် ဟုဆို

ဘန်ကောက်၊ ဇန်နဝါရီ ၄

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ပိုင်၏သမီးဖြစ်သူ ပေတွန်တန်ရှင်နာဝါထရာသည် အမေရိကန်ဒေါ်လာသန်း ၄၀၀ ကျော် ကြွယ်ဝချမ်းသာပြီး၊ ပိုင်ဆိုင်မှုများတွင် အမေရိကန်ဒေါ်လာ ၂ သန်းကျော်တန်ဖိုးရှိ လက်ကိုင်အိတ်များ၊ အမေရိကန်ဒေါ်လာ ၅ သန်းကျော်တန်ဖိုးရှိသော တန်ဖိုးကြီးနာရီ ၇၅ လုံးပါဝင်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ထားသည်။

ထိုင်းဝန်ကြီးချုပ် ရှင်နာဝါထရာ ကြွယ်ဝမ်ချမ်းသာသော ပိုင်ဆိုင်မှုများတွင် ဒေါ်လာသန်းချီတန်ကြေးရှိသော လက်ကိုင်အိတ်များ၊ တန်ဖိုးကြီးနာရီများပါဝင်ကြောင်း ဖြူထိုင်းပါတီက သတင်းထုတ်ပြန်သည်။

ရှင်နာဝါထရာသည် ပြီးခဲ့သောနှစ် စက်တင်ဘာလအတွင်းက ထိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ပြီး အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေးကော်မရှင်(NACC)၏ စည်းကမ်းများကို လိုက်နာမည်ဖြစ်သည့်အတွက် ပိုင်ဆိုင်မှုများကို ကြေညာပေးမည်ဟု ပြောထားသည်။

ရှင်နာဝါထရာသည် အမေရိကန်ဒေါ်လာသန်း ၄၀၀ ကျော် သို့မဟုတ် ထိုင်းဘတ် ၁၃ ဒသမ ၈ ဘီလျံကျော် ကြွယ်ဝချမ်းသာပြီး ရင်းနှီးမြှုပ်နှံ့မှုနှင့်ပတ်သက်ပြီး ထိုင်းဘတ် ၁၁ ဘီလျံကျော်ရှိကြောင်း သိရသည်။

ထိုအပြင် ဘဏ်အပ်ငွေနှင့် ငွေသားသက်သက်ပိုင်ဆိုင်မှုက ထိုင်းဘတ် ၁ ဘီလံကျော်ရှိနေပြီး ဗြိတိန်နှင့် ဂျပန်နိုင်ငံတို့အပြင် ထိုင်းနိုင်ငံတွင်လည်း အိမ်ယာပိုင်ဆိုင်မှုများရှိနေသလို၊ ထိုင်းဘတ် ၇၆ သန်းကျော်တန်ဖိုးရှိကြောင်း သိရသည်။

ရှင်နာဝါထရာ၏ ပိုင်ဆိုင်မှုများတွင် ထိုင်းဘတ် ၁၆၂ သန်းတန်ဖိုးရှိ အဖိုးတန်နာရီ ၇၅ လုံး၊ ထိုင်းဘတ် ၇၆ သန်း တန်ဖိုးရှိ လက်ကိုင်အိတ် ၂၁၇ လုံးရှိနေကြောင်း ဖြူထိုင်းပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

ထိုင်းဝန်ကြီးချုပ် ပေတွန်တန်ရှင်နာဝါထရာသည် ထိုင်းဘတ် ၁၄ ဘီလျံနီးပါး ကြွယ်ဝချမ်းသာပြီး ဒေါ်လာသန်းချီတန်ကြေးရှိ လက်ကိုင်အိတ်များလည်းပိုင်ဆိုင်သည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.