ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လပ်နှင့် အပေါင်းပါ ၅ ဦးကို စွဲဆိုထားသောစွဲချက်များမှတရားသေလွှတ်ပေးလိုက်ကြောင်း ထိုင်းတရားရုံးချုပ်ဆုံးဖြတ်

ဘန်ကောက်၊ မတ် ၄

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်နှင့် အခြားအပေါင်းပါငါးဦးကို စွဲဆိုထားသည့် စွဲချက်များနှင့်ပတ်သက်ပြီး တရားသေလွှတ်ပေးလိုက်ကြောင်း ထိုင်းတရားရုံးချုပ်က သတင်းထုတ်ပြန်လိုက်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်သည် အကျင့်ပျက်လာဘ်စားမှုဖြင့် ၂၀၂၀ ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးမှ ထုတ်ပယ်ခံရသူဖြစ်ကြောင်း သိရသည်။

ထိုင်းအကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်နှင့် အပေါင်းပါငါးဦးတို့ သည် ထိုင်းဘတ်သန်း ၂၄၀ တန်ဖိုးရှိ “Thailand 2022 Roadshow” စီမံကိန်းနှင့်ပတ်သက်ပြီး လုပ်ပိုင်ခွင့်အာဏာ အလွှဲသုံးစားလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီးနောက် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တရားရုံးချုပ်သည် ယင်လပ်ကို ထုတ်ပြန်ထားသော ဖမ်းဝရမ်းအမိန့်ကိုလည်း ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်ဟောင်း ယင်လပ်နှင့် အပေါင်းပါငါးဦးသည် အာဏာအလွဲသုံးစားလုပ်ခဲ့ကြောင်း စွပ်စွဲခံထားရသော်လည်း ၎င်းတို့ကျူးလွန်ခဲ့သည်ဆိုသော ခိုင်လုံသောသက်သေအ ထောက်အထားများမရရှိခဲ့ကြောင်း ထိုင်းတရားရုံးချုပ်ကပြောသည်။

ယင်လပ်သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ညီမငယ်ဖြစ်ပြီး နှစ်ပေါင်း ၆၀ အတွင်း ထိုင်းနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်သလို အသက်အငယ်ဆုံး ဝန်ကြီး ချုပ်လည်းဖြစ်ကြောင်း သိရသည်။

ယင်လပ်သည် လက်ရှိအချိန်တွင် ပြည်ပြေးအဖြစ် နေထိုင်နေရသော်လည်း မကြာမီ ပြည်တော်ပြန်လာဖွယ်ရှိနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ယင်လပ်၏အကိုဖြစ်သူ သက်ဆင်သည် ၎င်းဦးဆောင်တည်ထောင်ခဲ့သော ဖြူထိုင်းပါတီ အာဏာရပါတီဖြစ်လာခဲ့ပြီးနောက် ပြည်ပေးအဖြစ် ၁၂ နှစ်ကျော်ကြာ နေထိုင်နေရာမှ ပြီးခဲ့သောနှစ်တွင် မိခင်နိုင်ငံသို့ပြန်လာခဲ့ကာ ၎င်းအပေါ်ချမှတ်ထားသော ပြစ်ဒဏ်များကိုခံယူခဲ့ပြီး လက်ရှိအချိန်တွင် လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ယင်လပ်သည် လက်ရှိအချိန်တွင် ပြည်ပတွင် ပြည်ပြေးအဖြစ် ၁၀ နှစ်နီးပါးကြာနေထိုင်ခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း လုပ်ဆောင်ခဲ့သော ဆန်ကိစ္စများနှင့်ဆက်နွယ်ပြီး အကျင့်ပျက်လာဘ်စားမှုများရှိသည်ဆိုကာ မကြာသေးမီက ထောင်ဒဏ် ၅ နှစ်ပြစ်ဒဏ်ပေးခံရကြောင်း သိရသည်။

ကောင်းထက်ငွေ

thaipbsworld.com

ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လပ်နှင့် အပေါင်းပါ ၅ ဦးကို စွဲဆိုထားသောစွဲချက်များမှတရားသေလွှတ်ပေးလိုက်ကြောင်း ထိုင်းတရားရုံးချုပ်ဆုံးဖြတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.