ထိုင်း​ရောက် မြန်မာ​ရွှေ့​ပြောင်းလုပ်သား ၁၈ ဦး လစာမရဘဲ အလုပ်ထုတ်ခံ​ရ ဟုဆို

ဘန်ကောက်၊ ဇန်နဝါရီ ၂၇

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ ဘော်ထော်ရပ်ကွက်ရှိ PE MAT Co,Ldt တွင် အလုပ်လုပ်နေ​သည့် မြန်မာ​ရွှေ့​ပြောင်းလုပ်သား ၁၈ ဦးမှာ လစာမရသည့်အပြင် စက်ရုံသူဌေးက အ​ကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံလိုက်ရ​ကြောင်း WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ PE MAT Co,Ltd မှာ အလုပ်လုပ်နေတဲ့ မြန်မာ​ရွှေ့​ပြောင်းလုပ်သား အမျိုးသမီး ၁၈ ဦးကို စက်ရုံသူဌေးက ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခဲ့တာဖြစ်ပါတယ်။ အလုပ် ထုတ်ခံရသူများမှာ နှစ်နှစ်ခွဲနဲ့ အများဆုံး ငါးနှစ်ထိ လုပ်သက်ရှိကြတဲ့ ဝန်ထမ်း​တွေပါ။ အလုပ်ထုတ်ခံရခြင်းနဲ့ပတ်သက်ပြီး နစ်နာမှုအတွက် အကူအညီတောင်းခံလာတာကြောင့် သက်ဆိုင်ရာ အလုပ်သမားကာကွယ်ရေးနဲ့ လူမှုဖူလုံရေးထံ တိုင်ကြားထားတယ်။” ဟု WAG မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

PE MAT Co,Ltd စက်ရုံသူဌေးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်တွင် စက်ရုံလုပ်သားများအား အစည်းအဝေးခေါ်ပြီး လုပ်ခတိုးသည့်အတွက် သတ်မှတ်ထားသည့် အရေအတွက်ထက် ပိုလုပ်ပေးရမည်ဖြစ်​ကြောင်းနှင့် မပြုလုပ်ပေးနိုင်ပါက အလုပ်ထုတ်မည်ဟု ​ပြောကြားခဲ့​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

ဓါတ်ပုံ – WAG မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့

ဓါတ်ပုံ – WAG မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့

ထိုင်း​ရောက် မြန်မာ​ရွှေ့​ပြောင်းလုပ်သား ၁၈ ဦး လစာမရဘဲ အလုပ်ထုတ်ခံ​ရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.