ထိုင်းမဟာသင်္ကြန် ဆောင်ခရန်ပွဲတော်ကို ဧပြီလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည်ဟုဆို

ဘန်ကောက်၊ မတ် ၃

ထိုင်းနိုင်ငံတွင် မဟာသင်္ကြန် ဆောင်ခရန် ကမ္ဘာ့ရေပွဲတော်ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ Sanam Luang တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့မှ သိရသည်။

ထိုင်းနှစ်သစ်ကူးပွဲတော် အခမ်းအနားများတွင် ထိုင်းဘတ်ငွေ ၁၅၃ သန်း သုံးစွဲမည်ဖြစ်ပြီး ခရီးသွားအသုံးစရိတ်မှ ဘတ် ၃ ဘီလီယံကျော်ရရှိမည်ဟု မျှော်လင့်ထားကြောင်း သိရ သည်။

ဝန်ကြီးချုပ် ပေတုံတန် ရှီနာဝပ်ထရာသည် လာမည့်လတွင် ဘန်ကောက်၌ သင်္ကြန်ပွဲတော်ကျင်းပရန် ဗဟိုဘဏ္ဍာငွေများကိုအသုံးပြုရန် ခရီးသွားနှင့် အားကစားဝန်ကြီးဌာနအား ခွင့်ပြုခဲ့ကြောင်း ယနေ့(တနင်္လာနေ့)တွင် အစိုးရအဖွဲ့က ပြောကြားသည်။

အဆိုပါအစီအစဉ်တွင် ပြည်တွင်းပြည်ပခရီးသွား ၈ သိန်းကိုဆွဲဆောင်ပြီး ဘတ် ၃.၂ ဘီလီယံ အကုန်အကျခံကာ ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်မည်ဟု အစိုးရအဖွဲ့မှ မျှော်လင့်ထားသည်။

Ref: Bangkok Post

#ယနေ့ခေတ်

ထိုင်းမဟာသင်္ကြန် ဆောင်ခရန်ပွဲတော်ကို ဧပြီလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည်ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.