ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်သည့် ထိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခံရ

ဘန်ကောက်၊ မေ ၂၇

ထိုင်းနိုင်ငံ၏နာမည်ကြီး ရှေ့သို့ချီပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော Chonthicha Jaengrew သည် ပြီးခဲ့သောသုံးနှစ်ကျော်က Thanyaburi တရားရုံးရှေ့တွင် ထိုင်းဘုရင့်စနစ်ကို ဝေဖန်ဆန့်ကျင့်သော ဆန္ဒပြပွဲနှင့်ပတ်သက်ပြီး ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရကြောင်း သိရသည်။

ထိုင်းတရားရုံးသည် အဆိုပါလွှတ်တော်ကိုယ်စားလှယ်ကို ပြစ်ဒဏ်ပေးလိုက်ပြီးနောက် အာမခံဖြင့်ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Chonthicha Jaengrew သည် ကမ္ဘာကျော်တိုင်းမ်မဂ္ဂဇင်း၏ ၂၀၂၄ ခုနှစ်အတွက် Next Generation Leaders ခေါင်းဆောင်စာရင်းတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။ သို့သော် လည်း ၎င်းသည် ထိုင်းရာဇဝတ်ဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၁၂ ကို ချိုးဖောက်မှုများအတွက် စွဲချက်တင်ခံရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းက ထိုင်းစည်းမျဉ်းခံဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်း၊ သို့သော်လည်း ထိုင်းဘုရင်စနစ်နှင့်ပတ်သက်သော ဥပဒေများအသုံးချနေခြင်းကို ဝေဖန်ထောက် ပြခြင်းဖြစ်ကြောင်း ပြောသည်။

၎င်းက အပြစ်ရှိကြောင်းဆုံးဖြတ်ခံရမည်ဆိုလျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသော နိုင်ငံရေးရပ်တည်ချက်ကို အသုံးပြုမည်ဖြစ်ကာ အာမခံခွင့်လျှောက်ထား မည်ဟု ပြောသည်။

ထိုင်းတရားရုံးသည် Chonthicha Jaengrew အပါအဝင် လူပေါင်း ၁၀ ဦးကို အရေးပေါ်အမိန့်ချိုးဖောက်မှုဖြင့် စွဲချက်တင်ခံထားရကြောင်း သိရသည်။

၎င်းက လူတိုင်းသည် အာမခံအခွင့်ရေးရှိသည့်အတွက် အာခံရမည်ဟုမျှော်လင့်ထားကြောင်း ပြောသည်။

ထိုင်းတရားရုံးသည် Chonthicha Jaengrew အပေါ် ကနဦး ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သော်လည်း ပြစ်ဒဏ်များအနက်မှ သုံးပုံတစ်ပုံကို ဆိုင်းငံခြင်းမရှိဘဲ လျော့ချပေးခဲ့ကြောင်းသိရသည်။

ကောင်းထက်ငွေ

thaipbsworld.com

ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်သည့် ထိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.