ဘန်ကောက်၊ ဇွန် ၁၈
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ဇွန်လ ၁၈ ရက်နေ့တွင် ထိုင်းဘုရင်စနစ်ကို ဝေဖန်စော်ကားမှုများဖြင့် တရားရင်ဆိုင်ခဲ့ရကြောင်း ထိုင်းရှေ့နေချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူပရာယွတ်ဘီရာဂူနာက ထုတ်ဖော်ပြောဆိုလိုက်သည်။
သက်ဆင်သည် ထိုင်းဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချခံရပြီးနောက် ၁၈ နှစ်ကြာချိန်တွင် တရားပြန်လည်ရင်ဆိုင်ရခြင်းဖြစ်သည်။
သက်ဆင်သည် ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း ထိုင်းဘုရင်စနစ်ကို ဝေဖန်ပုတ်ခတ်ခဲ့သည်ဆိုသာ စွဲချက်တင်ခံရပြီး အမှုရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ သက်ဆင်သည် စွဲချက်များကိုရင်ဆိုင်ရန် အဆင့်သင့်ရှိနေကြောင်း သက်ဆင်၏ရှေ့နေဖြစ်သူက ပြောသည်။
ထိုင်းတရားရုံးက သက်ဆင်ကို တရားရုံးခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံပြင်ပသို့ ခရီးမသွားရောက်ရန် အာမခံငွေအဖြစ် ထိုင်းဘတ် ၅ သိန်း တောင်းခံခဲ့ကြောင်း သိရသည်။
သက်ဆင်သည် ထိုင်းနိုင်ငံ၏ စည်းမျဉ်းခံဘုရင်စနစ်ကို ဝေဖန်စော်ကားကြောင်း ပြစ်မှုထင်ရှားမည်ဆိုလျှင် ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်ကျခံရဖွယ်ရှိနေကြောင်း သိရသည်။
ထိုင်းဘုရင်စနစ်ကို ဝေဖန်စော်ကားမှုဖြင့် ချမှတ်ခံရမည့်ပြစ်ဒဏ်သည် ကမ္ဘာတဝှမ်းရှိ ပြစ်ဒဏ်များထဲတွင် အဆိုးရွားဆုံးပြစ်ဒဏ်ဖြစ်ကြောင်း လေ့လာသူများက ဝေဖန်ပြစ်တင်နေကြောင်း သိရသည်။
သက်ဆင်သည် ၎င်းတည်ထောင်ခဲ့သော ဖြူထိုင်းပါတီအစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းနိုင်ခဲ့ပြီးနောက် ပြီးခဲ့သောနှစ်တွင် ပြည်ပြေးအဖြစ်မှ မိခင်နိုင်ငံသို့ပြန်လာကာ ပြစ်မှုဟောင်းများကို ပြန်လည်ရင်ဆိုင်ခဲ့သူဖြစ်သည်။
သက်ဆင်သည် ထိုင်းနိုင်ငံသို့ပြန်လာခဲ့ပြီး ချမှတ်ထားသော ပြစ်ဒဏ်များအတွက် ထိုင်းဘုရင်၏ ပြစ်ဒဏ်လျော့ပေါ့ပေးမှုကို ရရှိခဲ့ပြီးနောက် ပြစ်ဒဏ်မှပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် ပြန်လည်စွဲချက်တင်ခံရခြင်းဖြစ်သည်။
ကောင်းထက်ငွေ
france24.com/en
ထိုင်းဘုရင်စနစ်ကိုဝေဖန်သည်ဆိုသောစွဲချက်ကို သက်ဆင် စတင်ရင်ဆိုင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်