ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားပြန်လည်စေလွှတ်ခွင့်ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

အလုပ်သမားဝန်ကြီးဌာနမှ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ရေးကို ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများထံမှ စုံစမ်းသိရှိရသည်။

ထိုကဲ့သို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ရေးကို ဖေဖော်ဝါရီ ၁၉ ရက်မှစတင်ကာ ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ပြန်တော့ခွင့်ပြုပြီ။ ဒါပေမယ့် ကန့်သတ်ချက်တွေတော့ များတာပေါ့။ သုံးနှစ်စာချုပ်ချုပ်ရင် သုံးနှစ်ပဲ။ ပိုနေလို့လည်းမရဘူး။ သတ်မှတ်ရက်ကျော်ရင် အေဂျင်စီကတာဝန်ယူရမှာပေါ့။ အဲဒါကိုပါ စာချုပ်မှာလက်မှတ်ထိုးရတယ်။” ဟု ထိုင်းပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်မှုကို ယာယီရပ်နားထားရာမှ ခြောက်ရက်အကြာတွင် ပြန်လည်ခွင့်ပြုခွင့်ပြုခဲ့ခြင်းဖြစ် သည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းရန်အကျုံးဝင်သည့် လူငယ်များကို ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်ပြုထားသော်လည်း နှစ်နိုင်ငံ G to G ချိတ်ထားသည့်နိုင်ငံများကိုသာ စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – MOI

#ယနေ့ခေတ်

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားပြန်လည်စေလွှတ်ခွင့်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.