ထိုင်းနိုင်ငံမွေးဖွားသည့် ကလေးငယ်များကို မွေးဖွားခြင်းမှတ်ပုံတင် ထုတ်​ပေးမည်ဟု မြန်မာသံရုံးဆို

ဘန်​ကောက်၊ နိုဝင်ဘာ ၂၂

ထိုင်းနိုင်ငံတွင် ​ရွှေ့​ပြောင်းမြန်မာလုပ်သားများမွေးဖွားခဲ့သည့် ကလေးများအတွက် မွေးဖွားခြင်းမှတ်ပုံတင်ထုတ်​ပေးမည်ဖြစ်​ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက နိုဝင်ဘာ ၂၁ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့​ကြောင်း သိရသည်။

မြန်မာ​ရွှေ့​ပြောင်းလုပ်သား မိဘနှစ်ပါးကမွေးဖွားခဲ့သည့် ကလေးငယ်များအတွက် မွေးဖွား​သောနေ့ရက်မှစတင်ပြီး တစ်နှစ်အတွင်း မြန်မာသံရုံး၊ ဘန်ကောက်မြို့နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တို့တွင် မိဘ(သို့မဟုတ်) အုပ်ထိန်းသူကိုယ်တိုင် မွေးစာရင်းမှတ်ပုံတင်ထုတ်နိုင်​ကြောင်း သိရသည်။

“ ​မွေးစာရင်းမှတ်ပုံတင်ကို မွေးစာရင်းမိတ္တူနဲ့အတူ နိုင်ငံတော်ပြင်ပမှာ ကလေးမွေးဖွားခြင်းမှတ်တမ်း(ပုံစံ နိုင်-၈) ပူးတွဲ (က)ပါ ဖြည့်စွက်ကာ မှတ်ပုံတင်နိုင်ပါတယ်။ မှတ်ပုံတင်ရာမှာ မိဘနှစ်ပါးရဲ့ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ မိဘနှစ်ပါးရဲ့လျှောက်လွှာနဲ့ ဝန်ခံကတိပြုချက်မိတ္တူတို့ကို ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။” ဟု ဘန်​ကောက်မြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ထိုင်းနိုင်ငံတွင် မွေးဖွားခြင်းမှတ်ပုံတင်ပြီး ဆက်လက်နေထိုင်ရန်လိုအပ်လျှင် မြန်မာနိုင်ငံကူးလက်မှတ်(မွေးတိုး)ကို မြန်မာသံရုံး၊ ဘန်ကောက်မြို့နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချင်းမိုင်မြို့တို့တွင် လျှောက်ထားနိုင်​ကြောင်း သိရ သည်။

မြန်မာနိုင်ငံကူးလက်မှတ်အသစ်(မွေးတိုး) မလျှောက်ထားဘဲ မြန်မာနိုင်ငံကို အမြန်ပြန်လည်ခေါ်ဆောင်လိုလျှင် တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ကို လျှောက်ထားရယူနိုင်​ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။

#မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – CJ

#ယနေ့ခေတ်

ထိုင်းနိုင်ငံမွေးဖွားသည့် ကလေးငယ်များကို မွေးဖွားခြင်းမှတ်ပုံတင် ထုတ်​ပေးမည်ဟု မြန်မာသံရုံးဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.