ထိုင်းနိုင်ငံတွင် drift ဆွဲမောင်းသည့် BMW ယာဉ်မောင်းအား စွဲချက်တင်

ဘန်ကောက်၊ ဧပြီ ၂၅

ထိုင်းနိုင်ငံ၊ လုံခေါင်းခရိုင်၊ ဖူသက်ဘ်ဘုတ်လမ်းမကြီးတစ်လျှောက် အန္တရာယ်များသော drift ဆွဲမောင်းသည့် BMW ကားကိုမောင်းနှင်သူသည် နိုင်ငံခြားသားတစ်ဦးဟု သံသယရှိနေပြီး စွဲချက်တင်နိုင်ရန် ရဲတပ်ဖွဲ့က သတင်းစုဆောင်းလျက်ရှိကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့က မျက်မြင်သက်သေတစ်ဦး၏ TikTok အကောင့် lolono.re တွင်တင်ထားသည့် ဗီဒီယိုဖိုင်တစ်ခုတွင် အဖြူရောင် BMW Z4 တစ်စီးသည် လုံခေါင်းခရိုင်ရှိ လမ်းတစ်ခုပေါ်တွင် အရှိန်ပြင်းပြင်းမောင်းနှင်လာကာ drift ဆွဲပြီး ဖူသက်ဘ်ဘုတ်လမ်းအတိုင်း တောင်ပေါ်သို့တက်သွားသည်ကို တွေ့ရသည်။

ဆိုရှယ်မီဒီယာပေါ်မှ မိုဘိုင်းလ်ဖုန်းဖြင့် ရိုက်ကူးထားသည့်မြင်ကွင်းတွင် လမ်းဘေးတွင်ရပ်နေသော အမျိုးသားတစ်ဦးကို မြင်တွေ့ရသည်။

အဆိုပါဗီဒီယိုသည် အင်တာနက်အသုံးပြုသူများ၏ တုံ့ပြန်မှုအမျိုးမျိုးကိုရရှိခဲ့သည်။ လူအများက အများသူငှာလမ်းပေါ်တွင် အန္တရာယ်ရှိသောအပြုအမူအတွက် ယာဉ်မောင်းကိုဝေဖန်ကြသည်။ သို့သော်လည်း အခြားသူများက အဆိုပါအပြုအမူကို ချီးကျူးကြပြီး Fast & Furious ဇာတ်ကားမှမြင်ကွင်းများနှင့် ယာဉ်မောင်းအား ‘Drift King of Phu Thab Boek’ ဟု အမည်ပေးထားသည်။

အဆိုပါ ဗီဒီယိုကလစ်ကို ဆိုရှယ်မီဒီယာအကောင့်မှ ဖျက်လိုက်ပြီဖြစ်သည်။

သောကြာနေ့တွင် Lom Kao ရဲစခန်းမှူး Pol Col Theerasak Sarn Phusitsan က ရဲတပ်ဖွဲ့သည် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ၎င်းကိုလျစ်လျူမရှုကြောင်း ပြောကြားခဲ့သည်။

ယာဉ်မောင်းမှာ နိုင်ငံခြားသားတစ်ဦးဟု ယူဆရကြောင်း ၎င်းကဆက်လက်ပြောသည်။ အာဏာပိုင်များက အဆိုပါယာဉ်အား ဖော်ထုတ်တွေ့ရှိခဲ့ပြီး ယာဉ်မောင်းအားအရေးယူနိုင်ရန် ဆင့်ခေါ်မှုအား စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ref: Bangkok Post

#ယနေ့ခေတ်

ထိုင်းနိုင်ငံတွင် drift ဆွဲမောင်းသည့် BMW ယာဉ်မောင်းအား စွဲချက်တင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.