ထိုင်းနိုင်ငံတွင် ရေကြီးမှုကြောင့် အနည်းဆုံး ၂၅ ဦး သေဆုံး

ဘန်ကောက်၊ ဒီဇင်ဘာ

ထိုင်းနိုင်ငံတွင်ဖြစ်ပွားနေသော ရေကြီးမှုများကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနေပြီး အနည်းဆုံး ၂၅ ဦးသေဆုံးထားကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

ထိုင်းနိုင်ငံတွင် နိုဝင်ဘာ ၂၂ ရက်နေ့နောက်ပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ရေကြီးမှုများဖြစ်လာခဲ့ရာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ အိမ်ပေါင်း ၆၆၀,၀၀၀ ကျော် ရေကြီးမှုဒဏ်ခံစားခဲ့ရကြောင်း သိရသည်။

ထိုင်းသဘာဝဘေးအန္တရာယ်ဆိုင်ရာအေဂျင်စီက သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်နေပြီး ရေကြီးမှုကြောင့် လူပေါင်း ၂၂,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရ ကြောင်း ပြောသည်။

ထိုင်းအစိုးရက ဆောင်ခလာ၊ နာရက်တီဝက်၊ ပတ်တနီ၊ ယာလာပြည်နယ်များတွင် ရေကြီးမှုများဖြစ်ပွားခဲ့ကြောင်း ပြောသည်။

ထိုင်းနိုင်ငံတွင်ဖြစ်ပွားနေသော ရေကြီးမှုကြောင့် ကြက်ခြံလုပ်ငန်းအပြင် မွေးမြူရေးလုပ်ငန်းအများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း ထိုင်းအစိုးရက ပြောသည်။

ထိုင်းမိုးလေဝသဌာနက ထိုင်းနိုင်ငံအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများက ဒီဇင်ဘာ ၅ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားဖွယ်ရှိနေကြောင်း သတိပေးထားသည်။

ထိုင်းနိုင်ငံတောင်ပိုင်းနှင့် နယ်စပ်ချင်းထိစပ်နေသော မလေးရှားနိုင်ငံတွင်လည်း ပြီးခဲ့သောရက်ပိုင်းက ရေကြီးမှု များဖြစ်ပွားခဲ့ရာ လူပေါင်းများစွာ ရေဘေးဒဏ်ခံစားခဲ့ရကြောင်း မလေးရှားအစိုးရက သတင်းထုတ်ပြန်ထားသည်။

ကောင်းထက်ငွေ

channelnewsasia.com

ထိုင်းနိုင်ငံတွင် ရေကြီးမှုကြောင့် အနည်းဆုံး ၂၅ ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.