ဘန်ကောက်၊ ဇန်နဝါရီ ၂၂
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Bang Khun Thian အရပ်ဒေသ Soi Sakae Ngam 35/3 လမ်းရှိ လေးထပ်တိုက်အဆောက်အဦး၏ အခန်းတစ်ခုတွင် မြန်မာနိုင်ငံသားတစ်ဦးအသတ်ခံရ ပြီး ရုပ်အလောင်းကို အပိုင်းပိုင်းခုတ်ဖြတ်ကာ ရေခဲသေတ္တာထဲ ထည့်ခံထားရသည့်အဖြစ်ပျက် ဖြစ်ပွားခဲ့ကြာင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။
အဆိုပါအဖြစ်ပျက်နှင့်ပတ်သက်ပြီး ထိုင်း Tha Kham ရဲစခန်းမှတာဝန်ရှိသူများ၊ မူခင်းဆရာဝန်များနှင့် Tha Kham Foundation အမည်ရှိ လူမူကူညီရေးအသင်းမှ ကယ်ဆယ်ရေး သမားများစုပေါင်းပြီး ဇန်နဝါရီ ၂၁ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ရုပ်အလောင်းမှာ အပိုင်းပိုင်းခုတ်ဖြတ်ခံထားရကာ ရေခဲသေတ္တာထဲ အထည့်ခံထားရသည်ဟု ထိုင်းနိုင်ငံအခြေစိုက် Tha Kham Foundation မှ ကယ်ဆယ်ရေးသမားများက ပြော သည်။
ထိုင်းရဲတပ်ဖွဲ့နှင့်အတူ Tha Kham Foundation အဖွဲ့ဝင်များသည် အခန်းကိုစစ်ဆေးခဲ့ရာ အမြင့်ငါးပေရှိ ရေခဲသေတ္တာအတွင်းမှ ခန္ဒာကိုယ်အပိုင်းအစခြောက်ပိုင်းနှင့်အတူ လူသတ် ရာတွင်အသုံးပြုခဲ့သော ဓါးနှစ်ချောင်းနှင့် လွှစက်များကို တွေ့မြင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။
အဆိုပါ လေးထပ်တိုက်အဆောက်အဦး၏ အခန်းတွင် အသက် ၃၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားနှင့် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်ရန် အလုပ်သမားများ ခေါ်ယူပေးနေ သူ၊ အသက် ၂၃ နှစ်အရွယ်ရှိ အိန္ဒိယနိုင်ငံသားနှင့်အတူ နေထိုင်အလုပ်လုပ်နေသူဖြစ်ကြောင်း သိရသည်။
အဆိုပါပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးဖြစ်သူ Ms. Kanyarat Pengjam ဆိုသူက ဇန်နဝါရီ ၁၉ ရက်နေ့ ညဉ့်နက်ပိုင်းက အသက် ၂၃ နှစ်အရွယ်ရှိ အိန္ဒိယနိုင်ငံသား Mr. Sundaravel Pakadis Kuma ဆိုသူကို MG brand အမျိုးအစားကားဖြင့် အလောတကြီးထွက်သွားခြင်းကို တွေ့မြင်ရကြောင်း ပြောသည်။
အဆိုပါ လေးထပ်တိုက်အဆောက်အဦး၏ ဒုတိယအထပ်တွင် အိန္ဒိယနိုင်ငံသားနှင့် မြန်မာနိုင်ငံသားတို့နှစ်ဦး အဓိကနေထိုင်နေပြီး ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ တစ်ခါတစ်ရံနေထိုင်လေ့ရှိနေကြောင်း သိရသည်။
အသတ်ခံရသော မြန်မာနိုင်ငံသား၏ သူငယ်ချင်းမိတ်ဆွေများက အိန္ဒိယနိုင်ငံသားသည် ထိုင်းနိုင်ငံမှထွက်မပြေးခင် မြန်မာနိုင်ငံသားကို သတ်ဖြတ်ကာ အပိုင်းပိုင်းခုတ်ဖြတ်ပြီး ရေ ခဲသေတ္တာထဲတွင် ထည့်ခဲ့သည်ဟု ယုံကြည်ကြောင်း ပြောသည်။
သေဆုံးခဲ့သော မြန်မာနိုင်ငံသား၏ ဝမ်းတွင်းအင်္ဂါအစိတ်အပိုင်းများကို အနက်ရောင် ပလက်စတစ်အိတ်နှင့် ထည့်ထားသည်ကို တွေ့မြင်ရကြောင်း၊ ထိုင်းရဲတပ်ဖွဲ့ နှင့် ကယ်ဆယ်ရေး ဖောင်ဒေးရှင်းက ပြောသည်။
ထိုင်းရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားနေရာကို သွားရောက်စစ်ဆေးချိန်တွင် ရေချိုးခန်းထဲ၌ သွေးစသွေးစများတွေ့မြင်ခဲ့ရပြီး အိပ်ယာအောက်တွင်လည်း လျှပ်စစ်ဖြင့်အသုံးပြုရသော လွှစက်တစ်ခုကို တွေ့မြင်ခဲ့ကြောင်း ပြောသည်။
ထိုင်းသတင်းဌာနများက အဆိုပါလွှစက်ကို ရုပ်အလောင်းအား အပိုင်းပိုင်းဖြတ်ရာတွင် အသုံးပြုခဲ့ဖွယ်ရှိနေကြောင်း၊ အဆိုပါလွှစက်တွင်လည်း သွေးစများတွေ့ရကြောင်း ဖော်ပြ ထားသည်။
သေဆုံးခဲ့သော မြန်မာနိုင်ငံသား၏သူငယ်များသည် လူသတ်မှုဖြစ်ပွားခဲ့သောအခန်းကို လာရောက်စစ်ဆေးချိန်တွင် အလုပ်ရှင်ဖြစ်သူ အိန္ဒိယနိုင်ငံသားနှင့် ၎င်း၏ကားကို မတွေ့ရ ကြောင်း ထွက်ဆိုထားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
အသက် ၃၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား မြအေးဆိုသူက အဆိုပါရုပ်အလောင်းကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းသည် အခင်းမဖြစ်ပွားခင် ရက်ပိုင်းအလို ဇန်နဝါရီ ၁၈ ရက် နေ့တွင် အဆိုပါအခန်းမှ လေးထပ်တိုက် သုံးလွှာရှိအခန်းတွင် အခြားမြန်မာနိုင်ငံသားလေးဦးနှင့်အတူ နေထိုင်ခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အခြားမြန်မာနိုင်ငံသားများ နှင့်အတူ အလုပ်ရှာရန် အခန်းမှထွက်ခဲ့ကြောင်း၊ အခန်းတွင် မြန်မာနိုင်ငံသား စိုင်းကြည်ဆိုသူတစ်ဦးသာ ကျန်ရှိခဲ့ကြောင်း၊ ဇန်နဝါရီ ၁၉ ရက်၊ ည ၁၀ နာရီကျော်တွင် ၎င်းတို့ကျန်ခဲ့ သော ပစ္စည်းများယူရန် ပြန်လာချိန်တွင် စိုင်းကြည်နှင့် အိန္ဒိယနိုင်ငံသားကို ဆက်သွယ်လို့မရသည့်အတွက် အခန်းပိုင်ရှင်ကို ဆက်သွယ်အကြောင်းကြားခဲ့ရကြောင်း ပြောသည်။
ကောင်းထက်ငွေ
khaosodenglish.com
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦး အပိုင်းပိုင်းခုတ်ဖြတ်အသတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်