ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်အထောက်အထား သက်တမ်းတိုးခလျှော့ပေးရန် တောင်းဆို​သော မြန်မာလုပ်သားများ ဖမ်းဆီးခံရ

ဘန်​ကောက်၊ ဒီဇင်ဘာ ၂၀

ထိုင်းနိုင်ငံ၊ စာမွတ်ဆာခွန်ခရိုင်တွင် နေထိုင်ခွင့်သက်တမ်းတိုးခ ကောက်ခံနေခြင်းကို စျေးလျှော့ပေးရန် တောင်းဆိုကြရာ ထိုင်းအာဏာပိုင်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးလျက်ရှိ​နေ​ကြောင်း ဘန်​ကောက်ပို့စ်သတင်းဌာနက ဒီဇင်ဘာ ၂၀ ရက်၊ ​နေ့စွဲဖြင့် သတင်းရေးသားထားသည်။

အုန်းနွဲ့၊ အုန်းယိုင်နယ်မြေ၊ ဖိကဆင်ကားလမ်းမကြီးရှိ သံစက်ရုံအနီးတွင် အထောက်အထားအပြည့်အစုံရှိ​သော မြန်မာလုပ်သား ၃၀၀ ခန့်က နေထိုင်ခွင့် နှစ်နှစ်သက်တမ်းတို့ခ ဈေး နှုန်းလျှော့ချပေးရန် ဒီဇင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းက အလုပ်မဝင်မီ စုဝေးဆန္ဒပြတောင်းဆိုခဲ့ကြရာ ထိုင်းအာဏာပိုင်များက ဖမ်းဆီးအ​ရေးယူခဲ့​ကြောင်း သိရသည်။

“ နှစ်နှစ်သက်တမ်းတိုးခ စျေးနှုန်းလျှော့ချပေးဖို့တောင်းဆိုတဲ့ အလုပ်သမားတွေကို ထိုင်းအာဏာပိုင်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နံပါတ်တုတ်ကိုင် ဖမ်းဆီးခိုင်းတာက မြန်မာလုပ်သားတွေအပေါ် အနိုင်ကျင့်ရာ​ရောက်ပါတယ်။ သက်တမ်းတိုးခ အဆမတန်ကောက်ခံလို့ စျေးလေးနည်းနည်းလျှော့ပေးဖို့ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုတာပါ။ ယခုလို ကြမ်းတမ်းတဲ့ လက်ထိပ်ခတ်ဖမ်းဆီးတာဟာ အလုပ်သမားအခွင့်အရေးအရရော၊ လူ့အခွင့်အရေးအရရော ဘယ်လိုမှလက်ခံနိုင်စရာမရှိပါဘူး။” ဟု ထိုင်းရောက် ​ရွှေ့ပြောင်းလုပ်သားများကို အကူ အညီပေးနေသူ (AAC) မှ ဦးရဲမင်းက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ထိုင်း​ရောက် မြန်မာ​ရွှေ့​ပြောင်းလုပ်သားများ၏ နေထိုင်ခွင့် နှစ်နှစ်သက်တမ်းတိုးခ အဆမတန်စျေးနှုန်းတိုးမြှင့်​ကောက်ခံမှုအ​ပေါ် လွတ်လပ်စွာဆန္ဒပြ​တောင်းဆိုမှုအား ဖမ်းဆီးအ ရေးခြင်းသည် အလုပ်သမားအခွင့်အ​ရေးနှင့် လူ့အခွင့်အ​ရေးပါ ချိုး​ဖောက်ခံ​နေခြင်းဖြစ်ကြောင်း ထိုင်း​ရောက်မြန်မာလုပ်သားများက ​ပြောကြားသည်။

ထိုင်းအစိုးရအ​နေဖြင့် ​ရွှေ့​ပြောင်းလုပ်သားများအ​ပေါ် ခွဲခြားပြုမှုဆက်ဆံခြင်းသည် နိုင်ငံ့ပုံရိပ်နှင့် ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေနိုင်သည့်အတွက် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များအနေဖြင့် ထိရောက်စွာကိုင်တွယ်ပေးစေလိုကြောင်း မြန်မာ​ရွှေ့​ပြောင်းလုပ်သားအဖွဲ့၏ ​တောင်းဆိုချက်အရ သိရသည်။

#မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – ဘန်​ကောက်ပို့စ်

#ယနေ့ခေတ်

ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်အထောက်အထား သက်တမ်းတိုးခလျှော့ပေးရန် တောင်းဆို​သော မြန်မာလုပ်သားများ ဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.