ထိုင်းနိုင်ငံတွင် တရုတ်ခရီးသွားရှစ်ဦးကို လက်ကိုင်ဖုန်း ၉၁ လုံးနှင့်အတူ ဖမ်းဆီးရမိ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၀

ထိုင်နိုင်ငံ၊ အရှေ့မြောက်ပိုင်းပြည်နယ်သို့သွားသည့် ခရီးသွားကားပေါ်တွင် တရုတ်နိုင်ငံသားရှစ်ဦးကို လက်ကိုင်ဖုန်း ၉၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၄ နာရီခန့်တွင် Muang ခရိုင်ရှိ Yasothon ဘတ်စ်ကားဂိတ်၌ ဘန်ကောက်မှ ခမရတ်မြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်ဘတ်စ်ကားကို ရဲတပ်ဖွဲ့ကရှာဖွေရာတွင် ၎င်းတို့ကိုဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၂၀ မှ ၂၈ နှစ်ကြားရှိ တရုတ်နိုင်ငံသားရှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ၎င်းတို့အထဲမှနှစ်ဦးသည် ဗီဇာသက်တမ်းကျော်လွန်နေသူများဖြစ်ပြီး၊ ကျန်ခြောက်ဦးမှာ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဖမ်းဆီးခံရသည့် သံသယရှိသူများ၏အိတ်အတွင်းမှ လက်ကိုင်ဖုန်း ၉၁ လုံးကို တာဝန်ရှိသူများက သိမ်းဆည်းရမိခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသော်လည်း သံသယရှိသူများက ဖုန်းများသည် ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း ဘာသာပြန်သူတစ်ဦးက ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်။

သံသယရှိသူများသည် ငွေကြေားလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်)တွင်ပါဝင်သည်ဟု ယူဆရပြီး၊ နယ်စပ်ဒေသများတွင် တရားမဝင်စီးပွားရေးလုပ်ငန်းများကို ထိုင်းနှင့် တရုတ်နိုင်ငံတို့ဦးဆောင်သော ဖြိုခွင်းမှုအတွင်း ၎င်းတို့၏လုပ်ငန်းများကို အခြားနေရာသို့ပြောင်းရွှေ့နေဖွယ်ရှိကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

Ref: Bangkok Post

Photo: Yasothon Police Station Facebook page

#ယနေ့ခေတ်


ထိုင်းနိုင်ငံတွင် တရုတ်ခရီးသွားရှစ်ဦးကို လက်ကိုင်ဖုန်း ၉၁ လုံးနှင့်အတူ ဖမ်းဆီးရမိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.