ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၉
ထိုင်းနိုင်ငံတွင် ယခုနှစ်အကုန်မှစတင်ပြီး ဆေးခြောက်ကို အပန်းဖြေရာတွင်အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။
သို့သော်လည်း ထိုင်းအစိုးရသည် ဆေးခြောက်ကို ကျန်းမာရေးရည်ရွယ်ချက်အတွက် အသုံးပြုခြင်းကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီး Cholnan Srikaew က ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် ဆေးခြောက်ကို ဆေးဝါးကုသရန်ရည်ရွယ်ချက်အတွက် ပထမဆုံးအကြိမ် အသုံးပြုခွင့်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အပန်းဖြေရာတွင်အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရသည်။
ဆေးခြောက်ကို အပန်းဖြေရာတွင်အသုံးပြုခွင့်ပေးမည့်အစီအစဉ်ကို ပိတ်ပင်လိုက်ခြင်းကြောင့် ထိုင်းနိုင်ငံ၏ ဆေးခြောက်ရောင်းဝယ်ရေးလုပ်ငန်းသည် လာမည့်နှစ်တွင် လျော့နည်းကျဆင်းသွားဖွယ်ရှိနေကြောင်း သိရသည်။
ထိုင်းကျန်းမာရေးဝန်ကြီးသည် ဆေးခြောက်ကို အပန်းဖြေရာတွင်အသုံးပြုခွင့်ပေးခြင်းကို ပိတ်ပင်သည့် ဥပဒေမူကြမ်းကို လာမည့်လတွင် အစိုးရထံတင်ပြပြီး နှစ်မကုန်ခင် လွှတ် တော်ထံ ထပ်မံတင်ပြမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းကျန်းမာရေးဝန်ကြီးက “ ဆေးခြောက်အသုံးပြုတာတွေကို ဥပဒေသတ်မှတ်မှုမရှိဘူးဆိုရင် အလွဲသုံးစားပြုလုပ်ရမယ်။ ဆေးခြောက်ကို အလွှဲသုံးခြင်းက ထိုင်းကလေးငယ်တွေအပေါ် အနုတ်လက္ခဆောင်တဲ့ သက်ရောက်မှုဖြစ်လာစေနိုင်တယ်။” ဟု ပြောသည်။
အဆိုပါဥပဒေမူကြမ်းထဲတွင် ဆေးခြောက်ကို အပန်းဖြေရာတွင်အသုံးပြုမည်ဆိုလျှင် ဘတ် ၆ သောင်းဒဏ်ရိုက်မည်ဖြစ်သလို ဆေးခြောက်ရောင်းချသူများကို ထိုင်းဘတ်တစ်သိန်း အပြင် ထောင်ဒဏ်နှင့်ငွေဒဏ် နှစ်ရပ်လုံးကျခံရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ပြောသည်။
ကောင်းထက်ငွေ
alarabiya.net/News
ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို အပန်းဖြေရာတွင်အသုံးပြုခြင်းကို ပိတ်ပင်မည်ဟု ထိုင်းအစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်