ဘန်ကောက်၊ ဖေဖော်ဝါရီ ၇
ထိုင်းနိုင်ငံသည် သီတင်းပတ်သုံးပတ်ကြာကျင်းပမည့် ဆောင်ခရမ် ရေသင်္ကြန်ပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်ခရမ်ရေသင်္ကြန်ပွဲတော်သည် ထိုင်းနိုင်ငံ၏ ရိုးရာအစဉ်အလာအတိုင်းကျင်းပသော ပွဲတော်တစ်ခုဖြစ်ပြီး၊ ယင်းပွဲတော်က နိုင်ငံစီးပွားရေးနှင့် ခရီးသွားလုပ်ငန်းကို ပိုမိုကောင်းမွန်စေကြောင်း ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထိုင်းအစိုးရအဖွဲ့သည် ဆောင်ခရမ်ပွဲတော်ကို ယူနက်စကိုအဖွဲ့၏ ရှေးဟောင်းအမွေနှစ်စာရင်းဝင်ပွဲတော်အဖြစ် ခွင့်ပြုချက်ရရှိခဲ့ပြီးနောက် ဆောင်ခရမ်ရေသင်္ကြန်ပွဲတော်ကို အချိန်တိုးမြှင့်ကျင်းပရန် စီစဉ်လာခြင်းဖြစ်သည်။
ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Chai Wacharonke က ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနသည် သီတင်းပတ်သုံးပတ်ကြာကျင်းပမည့် ဆောင်ခရမ် ရေသင်္ကြန်ပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ပုဂ္ဂလိဂအဖွဲ့စည်းများ၊ အများပြည်သူနှင့်သက်ဆိုင်သောအဖွဲ့စည်းများနှင့် ပူးပေါင်းကျင်းပမည်ဖြစ်ကြောင်း ပြောသည်။
ထိုင်းဆောင်ခရမ်ရေင်္ကြန်ပွဲကို ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ နေရာပေါင်း ၅၀ အပြင်၊ အခြားပြည်နယ်နှင့်ဒေသပေါင်း ၇၆ ခုတွင် ရက်ပေါင်း ၂၀ ကျော်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့က ပြောသည်။
ထိုင်းရေသင်္ကြန်ပွဲတော်သည် လူကြိုက်များသော ထိုင်းရိုးရာပွဲတော်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်စွမ်းရှိသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။
ကောင်းထက်ငွေ
thaipbsworld.com
ထိုင်းနိုင်ငံတွင် ဆောင်ခရမ်ရေသင်္ကြန်ပွဲတော်ကို ဧပြီ ၁ ရက်မှစတင်ပြီး သုံးပတ်ကြာကျင်းပမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်