ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းခံရမှုနေ့ရက်များ ပြီးဆုံးသွားပြီဟု ဖြူထိုင်းပါတီ ခေါင်းဆောင် ဆို

ဘန်ကောက်၊ ဩဂုတ် ၃၀

ထိုင်းနိုင်ငံသည် စစ်အာဏာသိမ်းခံရမှုကို ရက်ပေါင်းများစွာကြာ ဖြတ်သန်းခဲ့ရကြောင်း၊ လက်ရှိတွင် စစ်အာဏာအသိမ်းခံရမှုနေ့ရက်များ ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း ဖြူထိုင်းပါတီ ၏ ဒုတိယခေါင်းဆောင်တစ်ဦးဖြစ်သော Sutin Klungsang က ထုတ်ဖော်ပြောဆိုလိုက်သည်။

၎င်းက “ ထိုင်းနိုင်ငံမှာ လက်ရှိအချိန်ကစတင်ပြီး စစ်အာဏာသိမ်းတာမျိုး ထပ်မံမရှိသင့်တော့ဘူး၊ ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းခံရတဲ့နေ့ရက်တွေ ပြီးဆုံးသွားပြီလို့ ယုံကြည်ထား တယ်။” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် ၁၉၃၂ ခုနှစ်နောက်ပိုင်း အာဏာသိမ်းရန်ကြိုးပမ်းမှုအကြိမ်ပေါင်း အနည်းဆုံး ၁၉ ကြိမ်ရှိခဲ့ပြီး ၂၀၀၆ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင်လည်း စစ်အာဏာသိမ်းများ နောက် ဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့သည့် နောက်ဆုံးအာဏာသိမ်းမှုနှစ်ကြိမ်တွင် ထိုင်းစစ်တပ်က ဖြူထိုင်းပါတီ ဝန်ကြီးချုပ်များထံမှ အာဏာသိမ်းယူခဲ့ခြင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်က ဖြူထိုင်းပါတီ ဝန်ကြီးချုပ် သက်ဆင်ထံမှ အာဏာသိမ်းယူခဲ့ခြင်းဖြစ်သလို ၂၀၁၄ ခုနှစ်တွင် သက်ဆင်၏ညီမဖြစ်သူ ယင်လပ်ထံမှ အာဏာသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြူထိုင်းပါတီ ဒုတိယခေါင်းဆောင်ဖြစ်သူ Sutin Klungsang က ထိုင်းစစ်သားတိုင်းသည် နိုင်ငံတွင် နောက်ထပ် စစ်အာဏာသိမ်းမှုမျိုး ထပ်ဖြစ်ပွားမည်ကို လိုလားနေမည်ဟု မယုံ ကြည်ကြောင်း ထိုင်းနိုင်ငံအတွင်း စုစည်းညီညွှတ်မှုများဖြစ်အောင် လုပ်ဆောင်ရန်အတွက် နိုင်ငံသားတိုင်း၏ ဦးစားပေးဖြစ်သင့်ကြောင်း ပြောသည်။

Sutin Klungsang သည် ထိုင်းကာကွယ်ရေးဝန်ကြီးများ၏ အကြံပေးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ရာ လာမည့်အစိုးရအဖွဲ့အသစ်တွင် ကာကွယ်ရေးဝန်ကြီးတာဝန်ကို ရယူဖွယ်ရှိနေ ကြောင်း သတင်းများထွက်ပေါ်နေသည်။

ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်သည် ထိုင်းအစိုးရအဖွဲ့အသစ်တွင်ပါဝင်မည့် ဝန်ကြီးများစာရင်းကို လုပ်ဆောင်နေရာ လာမည့်ရက်ပိုင်းတွင် အပြီးသတ် ထုတ်ပြန် ကြေညာဖွယ်ရှိနေသည်။

ကောင်းထက်ငွေ

thaipbsworld.com

ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းခံရမှုနေ့ရက်များ ပြီးဆုံးသွားပြီဟု ဖြူထိုင်းပါတီ ခေါင်းဆောင် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.