ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၁
မြန်မာနိုင်ငံတွင် နှစ်နှင့်ချီပြီးဖြစ်ပွားလျက်ရှိနေသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၏ သက်ရောက်မှုများကြောင့် မြန်မာနိုင်ငံသားများသည် အလုပ်လုပ်ရန် ထိုင်းနိုင်ငံသို့ ပိုမိုဝင်ရောက်လာဖွယ်ရှိနေကြောင်း ထိုင်းကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းအသင်းချုပ် (EconThai) အဖွဲ့က ခန့်မှန်းထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာတပ်မတော်သည် ၎င်းတို့၏စစ်အင်အားကို ပိုမိုတောင်းတင်းအောင်လုပ်ရန်အတွက် စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖော်ဆောင်ရွက်ရန် စီစဉ်လာခဲ့ရာ စစ်မှုထမ်းရန်မလိုလားသော မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ရန် လိုလားနေပြီး အများစုက တရားမဝင် ဝင်ရောက်လုပ်ကိုင်လာဖွယ်ရှိနေကြောင်း အဆိုပါအဖွဲ့က ဆိုသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် အခြေနေများက ထိုင်းအလုပ်သမားဈေးကွက်အပေါ် သက်ရောက်မှုများဖြစ်လာနိုင်ပြီး ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံသားများ၏ အ လုပ်လျှောက်ထားမှုနှင့် အလုပ်လုပ်ကိုင်ခွင့်များနှင့်ပတ်သက်ပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း EconThai အဖွဲ့၏ ဒုတိယဥက္ကဌ တာနစ်ဆိုရက်က ပြော သည်။
မြန်မာနှင့်ထိုင်းအစိုးရကြား ချုပ်ဆိုထားသော နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် ပုံမှန်လာရောက်လုပ်ကိုင်လေ့ရှိနေကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် 3Ds ဟုတင်စားခေါ်ဆိုသော အန္တရာယ်ရှိသောအလုပ်ကိုင်များ၊ ခက်ခဲကြမ်းတမ်းသောအလုပ်ကိုင်များ၊ ညစ်ပတ်သောအလုပ်ကိုင်များအပါအဝင် အမျိုးသားများနှင့်သက်ဆိုင်သော လုပ်ငန်းများနှင့်ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံသားများအပေါ် မှီခိုလုပ်ကိုင်နေရကြောင်း သိရသည်။
တာနစ်ဆိုရက်က “ ထိုင်းနိုင်ငံသားတွေဟာ 3Ds လို့ တင်စားခေါ်ဆိုတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ဖို့ ဆန္ဒမရှိဘူး။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်စက်မှုလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ဖို့ ရွှေ့ပြောင်းအလုပ်သမားတွေလိုအပ်တယ်။” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ ၂ ဒသမ ၃ သန်းကျော်ရှိနေပြီး၊ ထိုင်းနိုင်ငံတွင်လာရောက်လုပ်ကိုင်သော အိမ်နီးချင်းနိုင်ငံများထဲတွင် အ များဆုံးဖြစ်နေသည်။
ထိုင်းနိုင်ငံတွင် တရားမဝင် လာရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားအရေအတွက်ကို ထည့်ပေါင်းမည်ဆိုလျှင် ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားစုစုပေါင်း ၄ သန်းကျော်ရှိနေကြောင်း သိရသည်။
ကောင်းထက်ငွေ
bangkokpost.com
ထိုင်းနိုင်ငံတွင်အလုပ်လုပ်ရန် မြန်မာနိုင်ငံသားများ ပိုမိုဝင်ရောက်လာဖွယ်ရှိနေဟု ထိုင်းကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းအသင်းချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်