ထိုင်းနိုင်ငံတွင်ကျင်းပမည့် Cobra Gold စစ်ရေးလေ့ကျင့်ခန်းကို လာမည့်လတွင် စတင်မည်

ဘန်ကောက်၊ ဇန်နဝါရီ ၂၇

ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Cobra Gold စစ်ရေးလေ့ကျင့်ခန်းကို လာမည့်လတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

နိုင်ငံစုံ၏ တပ်ဖွဲ့ဝင်များကြား ဆိုင်ဘာလုံခြုံရေးနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန်အတွက် Cobra Gold အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းကို သီတင်းပတ်နှစ်ပတ်ကြာ ပူးပေါင်းလေ့ကျင့်မည်ဖြစ်သည်။

အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို ထိုင်းနှင့် အမေရိကန်နိုင်ငံတို့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းစစ်ရေးလေ့ကျင့်ခန်းအစီစဉ်များထဲတွင် အချိန်အကြာဆုံး စစ်ရေးလေ့ကျင့်ခန်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ မတ်လ ၁၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်အရေအတွက် ၉၀၀၀ ကျော် ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်များထဲတွင် စားပွဲတင်ဆွေးနွေးသည့် လေ့ကျင့်ခန်း၊ စစ်ဘက်အသိပညာများမျှဝေခြင်း၊ မြေပြင်တိုက်ပွဲနှင့်ပတ်သက်သော စစ်ရေးလေ့ကျင့်ခန်းများ၊ သဘာဝဘေးနှင့် လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးမည့် လေ့ကျင့်ခန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Cobra Gold စစ်ရေးလေ့ကျင့်ခန်းကို ထိုင်းနိုင်ငံအနောက်ပိုင်းဒေသများတွင် အဓိကထားလေ့ကျင့်သွားမည်ဖြစ်ပြီး၊ နိုင်ငံပေါင်း ၃၀ ကျော် ပူးပေါင်းပါဝင်ဖွယ်ရှိနေကြောင်း သိရ သည်။

အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို ၁၉၈၂ ခုနှစ်တည်းက စတင်လုပ်ဆောင်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ်တွင် ၄၃ ကြိမ်မြောက်ကျင်းပမည်ဖြစ်ကာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလတွင် အပြည့်အ၀ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သောနှစ်ကလည်း Cobra Gold စစ်ရေးလေ့ကျင့်ခန်းကို ပါဝင်ခွင့်မရခဲ့သလို၊ ယခုနှစ်တွင်လည်း ပါဝင်ခွင့် ရ၊ မရဆိုသောအချက်ကို အတိအကျမသိသေး ကြောင်း သိရသည်။

ကောင်းထက်ငွေ

thaipbsworld.com

ထိုင်းနိုင်ငံတွင်ကျင်းပမည့် Cobra Gold စစ်ရေးလေ့ကျင့်ခန်းကို လာမည့်လတွင် စတင်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.