ထိုင်းနိုင်ငံခြားရေးဝန်ကြီး နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တို့တွေ့ဆုံပြီး မြန်မာအရေး ဆွေးနွေးဖွယ်ရှိ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၂

မြန်မာနိုင်ငံရေးအငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ လာမည့်ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahindra-Nukara သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ခေါ်ချက်အရ အမေရိကန်နိုင်ငံသို့ ပထမဆုံးတရားဝင်ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် သွားရောက်မည်ဖြစ်ရာ ထိုခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလီကန်အပါအဝင် အမေရိကန်အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ၎င်း၏အမေရိကန်နိုင်ငံခရီးစဉ်အတွင်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဂျီနာ အမ်ရိုင်မွန်ဒို၊ အမေရိကန်သမ္မတ၏ လက်ထောက်အကြံပေးဖြစ်သူ အာမိုစ့် ဟောစတိန်း၊တို့အပြင် အမေရိကန်လွှတ်တော်အမတ်များနှင့်တွေ့ဆုံကာ ဒေသအတွင်းနှင့် နိုင်ငံခြားရေးမူဝါဒများကို တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ နေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးနိုင်ရန် ဦးဆောင်စီစဉ်ဆောင်ရွက်နေပြီး မကြာသေးမီက လည်း နစကတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ဖူးကြောင်း သိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ လိုအပ်နေသူများကို ကူညီပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နယ်စပ်ဒေသဖြစ်သော တက်ပြည်နယ် မဲဆောက်မြို့သို့ သွားရောက်စစ်ဆေးခဲ့ပြီး တစ်လအတွင်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန် မျှော်လင့်ကြောင်း ပြောဆိုထားသည် ။

အာဆီယံကလည်း မြန်မာနိုင်ငံကို လူသာချင်းဆိုင်ရာ စာနာမှုအကူအညီပေးနိုင်ရန် ဦးဆောင်မည့် ထိုင်းနိုင်ငံ၏အစီအစဉ်များကို သဘောတူညီလက်ခံထားကြောင်း သိရသည်။

ကောင်းထက်ငွေ

thaipbsworld.com

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တို့တွေ့ဆုံပြီး မြန်မာအရေး ဆွေးနွေးဖွယ်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.