ထိုင်းနိုင်ငံကကမ်းလှမ်းခဲ့သော ASEAN Troika အစီအစဉ်ကို လာအိုနိုင်ငံစဉ်းစားနေ ဟုဆို

ဘန်ကောက်၊ ဧပြီ ၃၀

လာအိုနိုင်ငံသည် မြန်မာအရေးနှင့်ပတ်သက်ပြီး ထိုင်းအစိုးရက အဆိုပြုကမ်းလှမ်းခဲ့သော အာဆီယံဥက္ကဌသုံးနိုင်ငံ ASEAN Troika တွေ့ဆုံဆွေးနွေးမည့်အစီအစဉ်ကို လက်ခံစဉ်း စားနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်းအစိုးရသည် မြန်မာနိုင်ငံ၊ မြဝတီမြို့တွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း မြန်မာအရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ကို ASEAN Troika အစည်းအဝေးနှင့် Troika plus အစည်းဝေးများ လုပ်ဆောင်ဆွေးနွေးရန် ထိုင်းအစိုးရက အဆိုပြုကမ်းလှမ်းခဲ့ကြောင်း သိရသည်။

ASEAN Troika အစည်းအဝေးအစီစဉ်သည် လက်ရှိအာဆီယံဥက္ကဌနိုင်ငံ၊ အာဆီယံဥက္ကဌဟောင်းနိုင်ငံနှင့် အာဆီယံဥက္ကဌအသစ်အဖြစ် တာဝန်ယူမည့်နိုင်ငံတို့ ပူးပေါင်းပြီး ဆွေးနွေးမည့်အစီအစဉ်ဖြစ်ကြောင်း သိရသည်။

Troika plus အစည်းဝေးအစီအစဉ်သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးပြန်လည်ရရှိစေရန် လိုလားနေသည့် အာဆီယံအဖွဲ့ဝင်နိုင်များ တွေ့ဆုံဆွေးနွေးရန်ဖြစ်ကြောင်း သိရသည်။

ASEAN Troika အစည်းအဝေးအစီအစဉ်အရ လက်ရှိအာဆီယံအလှည့်ကျဥက္ကဌ လာအိုနိုင်ငံ၊ အာဆီယံအလှည့်ကျဥက္ကဌဟောင်းနိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံနှင့် အာဆီယံဥက္ကဌအသစ်နိုင်ငံအဖြစ် တာဝန်ယူမည့် မလေးရှားနိုင်ငံတို့ မြန်မာနိုင်ငံတွင် ငြိမ်းချမ်ရေးပြန်လည်ရရှိစေရန်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်ဖြစ်စေရန် တွေ့ဆုံဆွေးနွေးရမည်ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံသည် မြန်မာအရေးနှင့်ပတ်သက်ပြီး ASEAN Troika အစီအစဉ်ကို အကောင်ထည်ဖော်ဆောင်ရွက်ရန် စဉ်းစားနေသော်လည်း အချိန်သတ်မှတ်ခြင်းမရှိသေးကြောင်း၊ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒီ ဘလန်ကူရာက ပြောသည်။

လာအိုနိုင်ငံသည် လက်ရှိအချိန်တွင် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူနေသည့်အတွက် အာဆိယံအဖွဲ့ဝင်နိုင်ငံများနှင့် ကနဦးဆွေးနွေးရန်လိုအပ်နေကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးပြန်လည်ရရှိစေရန်အတွက် တွေ့ဆုံဆွေးနွေးပြုလုပ်ရန် အဆင့်သင့်ရှိနေကြောင်း ၎င်းကပြောသည်။

ကောင်းထက်ငွေ

bangkokpost.com

ထိုင်းနိုင်ငံကကမ်းလှမ်းခဲ့သော ASEAN Troika အစီအစဉ်ကို လာအိုနိုင်ငံစဉ်းစားနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.