ဘန်ကောက်၊ မေ ၁၀
မြန်မာစစ်တပ်၏ တပ်စခန်းတစ်ခုကို ကရင်တပ်များကသိမ်းပိုက်ပြီးနောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် စနေနေ့အစောပိုင်းက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းသို့ မြန်မာနိုင်ငံသား ၃၀၀ ကျော် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ထိုင်းနယ်ခြားစောင့်စစ်တပ်များ တာ့ခ်ခရိုင်၊ မယ်လနှင့် ကရင်ပြည်နယ်၊ ဘားအံခရိုင်ကြားတွင် အကြီးအကျယ်အင်အားဖြည့်တင်းခဲ့ကြောင်း သိရ သည်။
မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံး လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU)တို့ တိုက်ပွဲများကြောင့် အဆိုပါဒေသတွင်းမှ စစ်ဘေးဒုက္ခ သည် ၃၂၈ ဦး ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်လာမှု ကြောင့် ထိုင်းနိုင်ငံက လုံခြုံရေးတိုးမြှင့်ခဲ့ကြောင်း သိရသည်။
ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(KNDO)နှင့် ပူးပေါင်းအဖွဲ့သည် ထိုင်းနယ်စပ်နှင့် ခုနစ်ကီလိုမီတာအကွာရှိ လေးပနာဒီစစ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။
ထိုင်းအာဏာပိုင်တွေက ဒုက္ခသည်များကိုအကူအညီပေးနေပြီး အခြေအနေကို ဆက်လက်စောင့်ကြည့်နေကြောင်း သိရသည်။
မတ်လ ၂၈ ရက်နေ့ငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် နစကက အပစ်အခတ်ရပ်စဲရေးကို ယခုလကုန်အထိ သက်တမ်းတိုးကြောင်း ကြေညာခဲ့သည်။
သို့သော်လည်း မကြာသေးမီက အပစ်အခတ်ရပ်စဲရေးကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသော နယ်မြေများကို လေကြောင်းတိုက်ခိုက်မှုများနှင့် လက် နက်ကြီးနှင့်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သတင်းအများအပြား ထွက်ပေါ်လျက်ရှိသည်။
Ref: Bangkok Post
#ယနေ့ခေတ်
ထိုင်းနယ်စပ်အနီးတိုက်ပွဲများကြောင့် မြန်မာဒေသခံ ၃၀၀ ကျော် ထိုင်းနိုင်ငံထဲသို့ဝင်ရောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်