ဘန်ကောက်၊ ဧပြီ ၁၃
ထိုင်းနိင်ငံ၊ စမူပကန်ခရိုင်၊ ဘန်းဘိုမြို့ရောက် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော် လုပ်ခလစာမရဘဲ အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံတွေ့ရပြီး ထိုင်းရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေး WAG က ညှိနှုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“ မြန်မာရွှေ့ပြောင်းလုပ်သားတွေ လုပ်ကိုင်တဲ့ ဆောက်လုပ်ရေးသူဌေးက လုပ်ခလစာ တစ်လကျော်ပြီ မပေးလို့ စားဝတ်ရေးအခက်အခဲဖြစ်လာလို့ အကူအညီတောင်းခံလာတယ်။ ကျွန်တော်တို့ WAG လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ နှစ်ဖက်တွေ့ဆုံညှိနှိုင်းရေး ဆောင်ရွက်ပေးခဲ့ပါတယ်။” ဟု ထိုင်းရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေး WAG မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ မြန်မာရွှေ့ပြောင်း ဆောက်လုပ်ရေးအလုပ်သမား ၁၀၀ ကျော်က လုပ်ငန်းခွင်ဝင်ရောက်ခြင်း အထောက်အထားရှိသူ ၃၀ ကျော်နှင့် အထောက်အထားမပြည့်စုံသူ ၇၀ ကျော်တို့၏ လုပ်အားခငွေ ဘတ်သိန်း ၂၀ ကျော်ကို သူဌေးကမပေးခြင်းကြောင့် ထိုင်းရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေး WAG အဖွဲ့မှ တာဝန်ရှိသူများက နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှု ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။
ထိုသို့ နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှုကို WAG အဖွဲ့၏ အကူအညီပေးမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ လုပ်ခလစာများကို ဧပြီ ၂၄ ရက်နှင့် မေ ၅ ရက်တို့တွင် နှစ်ဖြတ်ပေးမည်ဖြစ်ကြောင်း သူဌေးနှင့်လုပ်သားများ သဘောတူမှုရရှိခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – ဘန်ကောက်ပို့စ်
ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော်၏ လုပ်ခလစာကိစ္စ ညှိနှိုင်းဖြေရှင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်