ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

ဘန်ကောက်၊ နိုဝင်ဘာ ၁၇

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်၊ ရတ်ချဘူရီခရိုင်၊ Suan Phung နယ်မြေတွင် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့စွဲပါ ဘန်ကောက်ပို့စ်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

သေဆုံးသူ မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး၏အနီးတွင် ကျည်ဆန်သုံးတောင့်၊ လက်ကိုင်ဖုန်းတစ်လုံး၊ ထိုင်းဘတ်ငွေအချို့၊ ရွှေ့ပြောင်းနေထိုင်ကြောင်း သက်သေခံကတ်ပြား၊ ယာဉ်မောင်းလိုင်စင်တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“ သေဆုံးနေသူ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသားနှစ်ဦးမှာ အသက် ၄၃ နှစ်အရွယ်တွေပါ။ ဝမ်းဗိုက်နဲ့ ဦးခေါင်းတို့မှာ သေနတ်နဲ့ နှစ်ကြိမ်လောက် ပစ်ခတ်ခံထားရပါတယ်။ သေ ဆုံးသူတွေရဲ့အနီးမှာ ကျည်ဆန်သုံးတောင့်လည်း တွေ့ရှိရပါတယ်။ ရွှေ့ပြောင်းလုပ်သားရဲ့ လက်ကိုင်ဖုန်းတစ်လုံးနဲ့ ထိုင်းဘတ်ငွေအချို့လည်း တွေ့ရှိရပါတယ်။” ဟု ထိုင်းရောက် မြန် မာရွှေ့ပြောင်းလုပ်သား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

သေဆုံးသူများမှာ အသက် ၄၃ နှစ်အရွယ်ခန့်ဖြစ်ကြပြီး၊ ထိုင်းအာဏာပိုင်များက အခင်းဖြစ်ပွားရာနေရာအနီး လမ်းကြောင်းတလျှောက် ဖြစ်နိုင်ခြေသဲလွန်စများကို ရှာဖွေဖော်ထုတ်ရန်အတွက် အနီးတဝိုက်ရှိ CCTV မှတ်တမ်းများ ကို ရှာဖွေစစ်ဆေးနေကြောင်း သိရသည်။

မြင့်မြတ်အောင်မြင်

ဓာတ်ပုံ – ဘန်ကောက်ပို့စ်

ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.