ထိုင်းတွင် မြန်မာနိုင်ငံသားခုနစ်ဦး ခွင့်ပြုချက်မရှိ ​စျေး​ရောင်းချသဖြင့် ဖမ်းဆီးခံရ

စမွတ်စခွန်၊ မတ် ၈

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်တွင် ခွင့်ပြုချက်မရှိ ​စျေး​ရောင်းချသဖြင့် မြန်မာနိုင်ငံသားခုနစ်ဦးကို ထိုင်းအာဏာပိုင်များက မတ် ၆ ရက်တွင် ဖမ်းဆီးအ​ရေးယူခဲ့​ကြောင်း The Nation သတင်းစာက မတ် ၇ ရက်နေ့စွဲဖြင့် ဖော်ပြထားသည်။

မြန်မာ​ရွှေ့​ပြောင်းလုပ်သားခုနစ်ဦးသည် ခွင့်ပြုချက်မရှိဘဲ စား​သောက်ကုန်ပစ္စည်းနှင့် မိုဘိုင်းလ်ဖုန်းများကို ထိုင်းနိုင်ငံသားများနှင့် ယှဥ်ပြိုင်​ရောင်းချခဲ့သည်ဟု ဆိုသည်။

“ ထိုင်း​စျေးသည်​တွေနဲ့အတူ စား​သောက်ကုန်ပစ္စည်းနဲ့ မိုဘိုင်းလ်ဖုန်းပစ္စည်းများကို ယှဥ်ပြိုင်​​ရောင်းချ​နေလို့ဆိုပြီး ထိုင်းအာဏာပိုင်​တွေဆီ သတင်းပို့တိုင်ကြားချက်ဖွင့်ခဲ့ပါတယ်။ အဲဒီ​နောက်မှာ သက်ဆိုင်ရာတာဝန်ရှိသူ​တွေက စုံစမ်းစစ်​ဆေးမှု​တွေ ​ဆောင်ရွက်ခဲ့ပါတယ်။ ခွင့်ပြုချက်မရှိ ​စျေး​ရောင်းချခြင်းနဲ့ အမှုဖွင့်အ​ရေးယူခံလိုက်ရပါတယ်။” ဟု ထိုင်း​ရောက် မြန် မာ​ရွှေ့​ပြောင်းလုပ်သားများ ကူညီ​စောင့်​ရှောက်​ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​​ပြောသည်။

စမွတ်စခွန်ပြည်နယ်တွင် ထိုင်းနိုင်ငံသားများအတွက် သီးသန့်လုပ်ကိုင်ခွင့်ပေးထားသည့် စီးပွားရေးဆိုင်ရာဥပဒေများကို ချိုးဖောက်ပြီး ဈေးကွက်အတွင်း တရားမဝင်ရောင်းချမှုဖြင့် စွဲချက်အတင်ခံခဲ့ရ​ကြောင်း သိရသည်။

အဆိုပါ မြန်မာ​ရွှေ့​ပြောင်းလုပ်သားများက ငါးစိမ်း၊ ငါးခြောက်၊ မြန်မာ့ဟင်းလျာ၊ ကွမ်းယာနှင့် မိုဘိုင်းလ်ဖုန်းများကို ရောင်းချခဲ့​ကြောင်း သိရသည်။

#မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – The Nation

#ယနေ့ခေတ်

ထိုင်းတွင် မြန်မာနိုင်ငံသားခုနစ်ဦး ခွင့်ပြုချက်မရှိ ​စျေး​ရောင်းချသဖြင့် ဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.