ထိုင်းတွင် နှစ်ရက်အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၆၃ ဦး သေဆုံးပြီး လူ ၅၀၀ ​ကျော်ထိခိုက်ဒဏ်ရာရ ဟုဆို

ဘန်ကောက်၊ ဧပြီ ၁၄

ထိုင်းနိုင်ငံတွင် ရိုးရာဆုန်ခရမ် ရေကစားပွဲတော်ကျင်းပသည့် ဧပြီ ၁၂ ရက်မှ ၁၃ ရက်အထိ နှစ်ရက်အတွင်း ယာဉ်တိုက်မှု​ကြောင့် လူ ၆၃ ဦးသေဆုံးပြီး လူ ၅၅၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့​ကြောင်း ထိုင်းယာဉ်အန္တရာယ်တားဆီးရေးနှင့် လျှော့ချရေးကွပ်ကဲမှုစင်တာ၏ ဧပြီ ၁၄ ရက်၊ ​​​နေ့စွဲဖြင့် ထုတ်ပြန်ချက်အရ သိရသည်။

“ ​ထိုင်းနိုင်ငံရဲ့ ရိုးရာဆုတ်ခရမ် ​ရေကစားပွဲ​တော်မှာ ဧပြီ ၁၂ ရက်​နေ့မှာကတည်းက ယာဉ်တိုက်မှု ၃၀၇ မှုရှိခဲ့ပြီး၊ လူ ၃၈ ဦးသေဆုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရ လူနာက ၂၉၉ ဦးထိရှိခဲ့ပါတယ်။” ဟု ထိုင်းယာဉ်အန္တရာယ်တားဆီးရေးနှင့် လျှော့ချရေးကွပ်ကဲမှုစင်တာ၏ တာဝန်ရှိသူတစ်ဦးက ဘန်​ကောက်ပို့စ်သတင်းဌာနသို့ ​ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုများ၏ ၄၁.၃၇ ရာခိုင်နှုန်းသည် အရှိန်လွန်မောင်းနှင်မှုကြောင့် ယာဥ်တိုက်ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး၊ ၂၁.၁၇ ရာခိုင်နှုန်းသည် မူးယစ်ပြီးမောင်းနှင်ခြင်းဖြစ်၍ ၂၀.၂၀ ရာခိုင်နှုန်းက ယာဉ်ကြောဖြတ်ဝင်ခြင်းကြောင့်ဖြစ်​ကြောင်း ထိုင်းယာဉ်အန္တရာယ်တားဆီးရေးနှင့် လျှော့ချရေးကွပ်ကဲမှုစင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြင့်မြတ်​အောင်မြင် 

ဓာတ်ပုံ – ဘန်​ကောက်ပို့စ်

ထိုင်းတွင် နှစ်ရက်အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၆၃ ဦး သေဆုံးပြီး လူ ၅၀၀ ​ကျော်ထိခိုက်ဒဏ်ရာရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.