ထိုင်းတွင် တရားမဝင်ငွေသား ဘတ်သန်း ၈၀ ဖမ်းဆီးရမိ

ဘန်ကောက်၊ ဧပြီ ၁၈

ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်​၊ တာ့ခ်ခရိုင်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ဧပြီ ၇ ရက်တွင် မသင်္ကာဖွယ်ရာကားတစ်စီးအား တားဆီးစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသို့ တရားမဝင်​ပေးပို့မည့် အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ဆက်စပ်သည့် ငွေသားဘတ်သန်း ၈၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအ​ခြေစိုက် ဘန်​ကောက်ပို့စ်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

“ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့မှာ သတင်းအရ တာ့ခ်ခရိုင်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့များက မသင်္ကာဖွယ်ရာကားတစ်စီးကို တားဆီးစစ်ဆေးရာမှာ ကားအတွင်း အိတ် ၅ လုံးနဲ့ ထည့်ထားတဲ့ တရားမဝင်ငွေသား ဘတ်သန်း ၈၀ ခန့်ကို စိစစ်တွေ့ရှိခဲ့တယ်။ ကားပေါ်မှာ ယာဉ်မောင်းတစ်ဦးနဲ့ အဖော်တစ်ဦးကို တွေ့ရှိတာကြောင့် စစ်ဆေး‌​မေးမြန်းခဲ့တယ်။ ၎င်းတို့ရဲ့ထွက် ဆိုချက်အရ Phra Nakhon Sri အယုဒ္ဓယခရိုင်မှ မဲဆောက်ကို ငွေပို့ဆောင်ရန် ဘတ်ငွေ ၅၀၀၀ နဲ့ ငှားရမ်းခဲ့တယ်။ အဲဒီက​နေတဆင့် မြဝတီသို့ ပို့ဆောင်မှာဖြစ်ပါတယ်။” ဟု ယာဥ်​မောင်းနှင့် ယာဥ်​နောက်လိုက်တို့၏ ထွက်ဆိုချက်အရ သိရသည်ဟု ဘန်ကောက်ပို့စ်သတင်းဌာနတွင် ဖော်ပြထားသည်။

သိမ်းဆည်းရမိသည့် ​တရားမဝင်ငွေသား ဘတ်သန်း ၈၀ ကိုရေတွက်ပြီး သက်ဆိုင်ရာဌာနသို့ အပ်နှံမည်ဖြစ်​ကြောင်း သိရသည်။

လက်ရှိ ယာဥ်​မောင်းနှင့် ယာဥ်​နောက်လိုက်တစ်ဦးတို့ကို တာ့ခ်ခရိုင်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ဖမ်းဆီးအမှုဖွင့်အ​ရေးယူထားပြီး ကွင်းဆက်များကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိ​ကြောင်း ဘန်​ကောက်ပို့စ်သတင်းဌာနတွင် ​ဖော်ပြထား​သည်။

မြင့်မြတ်​အောင်မြင် 

ဓာတ်ပုံ – ဘန်​ကောက်ပို့စ်

ထိုင်းတွင် တရားမဝင်ငွေသား ဘတ်သန်း ၈၀ ဖမ်းဆီးရမိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.