ထိုင်းတွင် ဈေးရောင်းချ​နေသူ မြန်မာလုပ်သား ၃၆ ဦး ဖမ်းဆီးခံရ

ဘန်ကောက်၊ မတ် ၁၅

ထိုင်းနိုင်ငံ၊ ကထွန်ဘန်ခရိုင်၊ ခဲရိုင်ခရိုင်၊ စမူဆာခွန်မြို့နယ်ရှိ ဈေးသစ်တွင် ဈေးရောင်းချ​နေသည့် မြန်မာလုပ်သား ၃၆ ဦးကို မတ် ၁၄ ရက်က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်​ကြောင်း ဘန်​ကောက်ပို့စ် သတင်းဌာန၏ ​​ဖော်ပြချက်အရ သိရသည်။

“ စမူဆာခွန်မြို့နယ် ဈေးသစ်မှာ မြန်မာနိုင်ငံသားတွေတွေ့ရှိလို့ ကထွန်ဘန် ရဲစခန်း မဲ့စမူဆာခွန်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး ပြည်နယ်အလုပ်အကိုင်ရှာဖွေရေးရုံးက တာဝန်ရှိသူ​တွေနဲ့ ကထွန်ဘန်ခရိုင် အုပ်ချုပ်ရေး အထူးစစ်ဆင်ရေးအဖွဲ့က စုံစမ်းစစ်ဆေးပြီးနောက်မှာတော့ မြန်မာလုပ်သား ၃၆ ဦးကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။ အမြန်ဆုံး ပြန်လည်လွတ်​မြောက်​ရေးအတွက် ကြိုးပမ်း​ဆောင်ရွက်​ပေး​နေပါတယ်။” ဟု ထိုင်း​ရောက် မြန်မာ​ရွှေ့​ပြောင်းလုပ်သားကူညီ​စောင့်​ရှောက်​ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြေ ာသည်။

ထိုင်းနိုင်ငံ စမူဆာခွန်မြို့နယ် ဈေးသစ်တွင် ဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေသည့် မြန်မာ​လုပ်သားဈေးသည်များကို စမူဆာခွန်ခရိုင်အုပ်ချုပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေး(ကျဟာငန်)က ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ခွင့်ရှိသည့်အလုပ်များကို လုပ်ကိုင်ခြင်း​ကြောင့်ဟုစွပ်စွဲပြီး မြန်မာဈေးသည် ၃၆ ဦးကို ဖမ်းဆီးအ​ရေးယူလိုက်ခြင်းဖြစ်​ကြောင်း ဘန်​ကောက်ပို့စ်သတင်းတွင် ​​ဖော်ပြပါရှိ​သည်။

လက်ရှိ ထိုင်းနိုင်ငံတွင် သူဌေးများက အာမခံမလုပ်ထားဘဲ မြန်မာ​လုပ်သားများအား စျေးရောင်းချခွင့်မပြု​ကြောင်းနှင့် မြန်မာသားများ ဈေးရောင်းချမည်ဆိုလျှင် သက်​သေခံ စာရွက်စာတမ်းများပြည့်စုံစွာ ကိုင်​ဆောင်ထားရမည်ဖြစ်​ကြောင်း ထိုင်း​ရောက် မြန်မာ​ရွှေ့​ပြောင်းလုပ်သား ကူညီ​စောင့်​ရှောက်​ရေးအဖွဲ့တာဝန်ခံတစ်ဦးက ယ​​နေ့​​ခေတ်သို့ ​ပြောသည်။

မြင့်မြတ်​အောင်မြင် 

ဓါတ်ပုံ-ဘန်​ကောက်ပို့စ်

ထိုင်းတွင် ဈေးရောင်းချ​နေသူ မြန်မာလုပ်သား ၃၆ ဦး ဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.