ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်

တိုကျို၊ မေ ၂၃

ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံကြားတင်းမာမှုများ ထပ်မံဖြစ်ပွားလာခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးသည် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံကိုဝေဖန်ပြစ်တင်ခဲ့ရာမှ နှစ်နိုင်ငံကြားတင်းမာမှုများဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျပန်အစိုးရအနေဖြင့် ထိုင်ဝမ်ကိုကူညီထာက်ပံ့ပေးမှုများ ဆက်လက်လုပ်ဆောင်မည်ဆိုလျှင် ဂျပန်ပြည်သူများကို မီးလောင်တိုက်သွင်းသလိုမျိုး ဖြစ်လာစေမည်ဖြစ်ကြောင်း တ ရုတ်သံအမတ်ကြီးက ဝေဖန်ခဲ့သည်။

ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီမာဆာ ဟာယာရှီက “ တရုတ်သံအမတ်ကြီးရဲ့ပြောဆိုချက်တွေက အလွန်အမင်း မသင့်တော်တဲ့စကားမျိုးဖြစ်တယ်။ တရုတ်သံအမတ်ကြီး ပြောစကားတွေကို ဆန့်ကျင့်ကန့်ကွက်ပါတယ်။” ဟု ပြောသည်။

ဂျပန်အစိုးရအနေဖြင့် ထိုင်ဝမ်ကျွန်းအရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုများမှတဆင့် ငြိမ်းချမ်းစွာဖြေရှင်းရန်တောင်းဆိုကြောင်း၊ ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်ရေးက ဂျပန်နိုင်ငံအတွက်သာမက နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံး တည်ငြိမ်၊ ငြိမ်ချမ်းရေးအတွက် အထောက်ကူဖြစ်စေမည်ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူးက ပြောသည်။

တရုတ်သံအမတ်ကြီးက ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံပြိုကွဲစေရန် ကြံစည်နေမည်ဆိုလျှင် ဂျပန်ပြည်သူများ မီးလောင်တိုက်သွင်းခံရသလိုမျိုး ဖြစ်လာဖွယ်ရှိနေကြောင်း ပြောသည်။

ဂျပန်နှင့် တရုတ်နိုင်ငံကြားဆက်ဆံရေးသည် ပြီးခဲ့သောလများအတွင်း တင်းမာမှုအရှိန်မြင့်တက်လာခဲ့ပြီး တရုတ်အစိုးရသည် ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးတို့နှင့်ပတ်သက်ပြီး ဂျပန်သံအမတ်ကြီး၊ ဖိလစ်ပိုင်သံအမတ်ကြီးတို့ကို ခေါ်ယူသတိပေးခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နှင့် ထိုင်ဝမ်သည် လက်ရှိအချိန်တွင် အမေရိကန်၊ ဂျပန်နိုင်ငံတို့ထံမှ အကူညီများရယူရန် ကြိုးပမ်းလာခဲ့ရာ တရုတ်နိုင်ငံနှင့် တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။

ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ထိုင်ဝမ်အရေးကိစ္စသည် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အကျိုးစီးပွားကိစ္စရပ်ဖြစ်ကြောင်း၊ ထိုင်ဝမ်အရေးက ဂျပန်နှင့် တရုတ်နိုင်ငံကြား ဆက် ဆံရေးအတွက် အဓိကအရေးပါသောအခန်းတွင်ပါဝင်နေကြောင်း ပြောသည်။

ကောင်းထက်ငွေ

rt.com/news

Japanese chief cabinet secretary Yoshimasa Hayashi speaks at a press briefing last December in Tokyo. © Getty Images / Tomohiro Ohsumi

ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.