ထိုင်ဝမ်အစိုးရရှေ့နေများက တရုတ်နိုင်ငံထံမှလာဘ်ငွေရယူခဲ့သော ထိုင်ဝမ်အစိုးရ တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမည်

ထိုင်ဝမ်၊ ဇူလိုင် ၆

ထိုင်ဝမ်အစိုးရရှေ့နေများက တရုတ်နိုင်ငံထံမှ လာဘ်ငွေများရယူခဲ့သည်ဟု သံသယရှိသော အာဏာရဒီမိုကရက်တစ်ပါတီအတွင်းမှ တာဝန်ရှိသူများနှင့် ထိုင်ဝမ်အစိုးရတာဝန်ရှိသူများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်ဝမ်အစိုးရရှေ့နေများသည် မြို့တော်ဝန်အဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသော ချန်ဆိုသူကို တရုတ်နိုင်ငံထံမှ လာဘ်ငွေများရယူခဲ့သည်ဟု သံသယရှိကာ ခေါ်ယူစစ်ဆေးခဲံပြီး ဖမ်းဆီးထိန်းသိမ်းရန် တရားရုံးသို့လျှောက်ထားခဲ့သည်။

ထိုင်ဝမ်ရှေ့နေများသည် အဆိုပါမြို့တော်ဝန် အကျင့်ပျက်လာဘ်စားမှုနှင့်ပတ်သက်ပြီး အသေးစိတ်အခြေနေများကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။

သို့သော်လည်း ဖမ်းဆီးထိန်းသိမ်းခံရသောမြို့တော်ဝန်က ၎င်းအနေဖြင့် အမှားအယွင်းတစ်စုံတရာမလုပ်ခဲ့ကြောင်း ပြောဆိုထားသည်။

ထိုင်ဝမ်တရားရေးဌာနနှင့် စုံစမ်းရေးအရာရှိများသည် တရုတ်နိုင်ငံမှလာဘ်ငွေများရယူခဲ့သော ထိုင်ဝမ်အစိုးရတာဝန်ရှိသူများကို စုံစမ်းဖော်ထုတ်အရေးယူမှုများကို အရှိန်မြင့်လုပ် ဆောင်ဖွယ်ရှိနေကြောင်း ထိုင်ဝမ်အာဏာပိုင်များက ပြောသည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံလက်အောက်မှခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေးရယူနိုင်ရန် ကြိုးပမ်းနေရာ တရုတ်နိုင်ငံနှင့်တင်းမာမှုများ ပိုမိုဖြစ်လာနေကြောင်းသိရသည်။

တရုတ်နိုင်ငံက ထိုင်ဝမ်သည် ၎င်းတို့ပိုင်နက်ဖြစ်ပြီး လိုအပ်မည်ဆိုလျှင် အင်အားသုံးသိမ်းပိုက်မည်ဟု ပြောဆိုခဲ့ရာ နှစ်နိုင်ငံကြားတင်းမာမှုအရှိန် မြင့်တက်လာနေကြောင်းသိရ သည်။

ကောင်းထက်ငွေ

tbsnews.net

ထိုင်ဝမ်အစိုးရရှေ့နေများက တရုတ်နိုင်ငံထံမှလာဘ်ငွေရယူခဲ့သော ထိုင်ဝမ်အစိုးရ တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.